ပြည်တွင်းလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုတွေနဲ့အတူ လူသေဆုံးမှုတွေလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ်အတွင်း သြဂုတ် ၄ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် လူနေအိမ်အချို့ ပျက်စီးခဲ့ပြီး လူ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီမှ သိရပါတယ်။ 

လေပြင်းကြောင့် ဟံဂံ၊ ကုလားကုတ်၊ ကျောင်းမိချောင်းတောင်၊ ဇီးဖြူသောင်၊ ကျောင်းရွာ ကျေးရွာအုပ်စု၊ စော်ကဲကျေးရွာအပါဝင် ရွာပေါင်း ၅ ရွာမှ လူနေအိမ်အချို့ ပျက်စီးခဲ့ပြီး သစ်ပင်တွေလည်း ပြိုလဲခဲ့တယ်လို့ မြို့နယ်တာဝန်ရှိသူတဦးက ပြောပြခဲ့ပါတယ်။ သစ်ပင်ပြိုလဲပိမိတာကြောင့် ကျောက်မိချောင်းတောင်ကျေးရွာက အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တာပဲ ဖြစ်ပါတယ်။ 

ပင်လယ်ကမ်းစပ်က နေအိမ်ပေါင်း ၃၈ လုံးလောက်လည်း လေပြင်းဒဏ်ခံခဲ့ရပါတယ်။ နေအိမ်ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၆၀ နီးပါးလောက်ရှိပါတယ်။ အိမ်ထောင်စု ၄၇ စုမှ လူဦးရေ ၂၀၀ လောက် လေဘေးဒဏ်ခံခဲ့ရကာ တိရစ္ဆာန်ထိခိုက် သေဆုံးတာတော့ မရှိဘူးလို့ သိရပါတယ်။ ထိခိုက်ပျက်စီးခံရတဲ့ လူနေအိမ်တွေကို မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးက ငွေနဲ့ ၁ ပတ်စာဆန်တွေ အိမ်ထောင်စုအလိုက် ပံ့ပိုးပေးသွားမှာဖြစ်ပြီး ယာယီရွှေ့ပြောင်းထားကာ ကူညီစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။