လူတိုင်းကတော့ ကိုယ်ချစ်သူဆိကနေ တကယ်အချစ်စစ် အချစ်မှန်ကိုပဲ လိုချင်ကြသူပါ။ ကိုယ့်ချစ်သူ ပျော်ရွှင်နေတာကိုပဲ မြင်ချင်ပြီး ကိုယ်ကိုယ်တိုင်ကလဲ သူကြောင့်ပဲပျော်ရွှင်ချင်ပါတယ်။ ဘာမှပူဆွေးမှုမရှိပဲ အချိန်ကြာလေ အေးချမ်းတာကိုပဲ လိုချင်ကြတာပါ။ အစပိုင်းမှာတော့ အခတ်အခဲတွေရှိနေပေမဲ့ နောက်ပိုင်းမှာ အဲ့ပြဿနာအခတ်အခဲတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို ချစ်သူတွေအနေနဲ့ သိရှိကြမယ်လို့ထင်ပါတယ်။ ဘယလိုပဲဖြစ်ဖြစ်ပါ သင့်ချစ်သူဆိကနေ ဒီခုဖော်ပြသွားတဲ့ စကားရှစ်ခွန်းကို ကြားနေရတယ်ဆိုရင်တော့ သူဟာသင့်ကိုတကယ်ချစ်ကြောင်းသိရှိနိုင်ပါတယ်။ 

ဂရုစိုက်ပါနော်

ဒီစကားလေးက ပုံမှန်ရိုးရိုးရှင်းရှင်းလေး စကားဆိုပေမဲ့ ကိုယ့်ချစ်သူက ကိုယ့်ကို ဂရုစိုက်နော်လို့ပြောလိုက်တဲ့ချိန်မှာ ဖြစ်ပေါ်လာတဲ့ခံစားချက်က အော်သူငါ့ကို ဂရုစိုက်ပါလားဆိုတဲ့ ခံစားချက်မျိုးဖြစ်စေပါတယ်။ ပြောတဲ့သူဘက်ကလဲ သူအနေနဲ့ ဂရုစိုက်ဆိုတဲ့ စကားလေးပြောလိုက်လို့ သူချစ်သူဘယ်လိုတောင်ပျော်လဲဆိုတာကို မသိတဲ့အခိုက်တွေရှိတက်ပါတယ်။

ကိုယ်မင်းအကြောင်းကို တွေးနေခဲ့တာ

ချစ်သူတွေလဲ ကိုယ့်ချစ်သူအကြောင်းကို မကြာခဏဆိုသလို တွေးမိတက်ကြမှာပါ။ အမြဲတမ်းမဟုတ်ရင်တောင် တွေးမိတက်တဲ့အခေါက်တွေရှိပါတယ်။ အတူတူတွေ့နေချိန်မှာတောင် တွေးနေတက်ပါတယ်။ အဲ့ချိန်မှာ ကိုယ့်ကို သူဘက်ကဘာလုပ်နေတာလဲ ဘာတွေနှိုက်နေတာလဲ မေးရင် ကိုယ်မင်းအကြောင်းကို တွေးနေတာပါလို့ပြောလိုက်ရင် အပြောခံရတဲ့သင်က အော် ငါနဲ့အတူရှိနေတာတောင် ငါ့အကြောင်းကို သူတွေးနေတာပဲဆိုပြီး သင့်ကိုသူအရမ်းချစ်တာကို သိရှိနိုင်ပါတယ်။ 

မင်းလိုအပ်တဲ့ချိန်တိုင်း ကိုယ်ရှိနေပါတယ်

အဲ့လိုမျိုး ကိုယ်မင်းအတွက်ရှိပါတယ်ဆိုပြီးပြောတဲ့သူတစ်ယောက်က သင့်ကိုဘယ်လိုမှ မချစ်နိုင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ သင့်ကိုလေးလေးနက်နက်ထားပြီး ချစ်တဲ့ ချစ်သူပါ...ဘယ်လိုသူစိမ်းတစ်ယောက်က ကိုယ့်အတွက်ရှိနေပေးနိုင်မှာလဲ။ 

လွမ်းတယ်

ကျွန်တော်တိုတွေဟာ ကျွန်တော်တို့ချစ်တဲ့သူ ဂရုစိုက်တဲ့သူတွေကို သတိရကြတာပါ။ အဲ့တော့ သင်ချစ်သူကလဲ သင့်ကို လွမ်းတယ်လို့ပြောရင် သင့်အနေနဲ့ သူသင့်ကိုချစ်တယ်ဆိုတာကို သိရှိနိုင်ပါတယ်။

ကိုယ်မင်းနဲ့ပတ်သတ်ပြီး အကုန်သိချင်တယ်

အဲ့လိုမျိုး သင့်ကိုမေးတာက သင်နဲ့ပတ်သတ်ပြီး အစစအရာရာကို သိထားပြီး ဂရုစိုက်ချင်လို့ဖြစ်ပါတယ်။ ပုံမှန်လူတစ်ယောက်အနေနဲ့ သင်ပြောပြရင်တောင် ကြားချင်မှာမဟုတ်လောက်ပါဘူး။ အရမ်းချစ်တဲ့သူတွေသာ သူတို့ချစ်သူနဲ့ ပတ်သတ်တာတွေ အကုန်သိချင်တာပါ။ 

မင်းကကိုယ့်အတွက် အရာရာပါပဲ

သင့်ကိုချစ်တဲ့သူတစ်ယောက်က သင့်ကိုသူဘယ်လောက်ချစ်တယ်ဆိုတာကို အမြဲပြသနေလေ့ရှိပါတယ်။ ဒါကိုသင့်အနေနဲ့လဲ သိသင့်ပါတယ်။ သူဘက်ကလဲ အဲ့လိုပြောလာရင် သင့်ကိုသူဟာ ချစ်ပါတယ်။

အနာဂတ်မှာ

ပြောချင်တာက သင့်နဲ့အတူ အနာဂတ်မှာ ဘာတွေဖြစ်ချင်တယ် ဘာတွေလုပ်မယ်ဆိုတာကို ပြောပြီး ကတိပေးတာပါ။ သင့်ဟာသူရဲ့အနာဂတ်မှာ ဘယ်လောက်အရေးပါတယ်ဆိုတာကို သိရှိနိုင်ပါတယ်။

ချစ်တယ်

အချစ်ဆိုတာ အရာရာပါပဲ....အချစ်ကြောင့် ငိုရတယ် ပျော်ရတယ် လွမ်းကြတယ် ပူဆွေးကြတယ် အကုန်လုံးနီးပါးပါပဲ။ သင့်ချစ်သူက အဲ့လိုအရာရာတွေကို သင့်နဲ့အတူဖြတ်သန်းဖို့အတွက် သူကတွေးပြီးသားဖြစ်တာမို့ မေးစရာမလိုပဲနဲ့ ချစ်တယ်လို့ပြောနေပါလိမ့်မယ်။ ဒီစကားတွေက သူသင့်ကိုချစ်တာ တကယ့်အစစ်အမှန်ဖြစ်ကြောင်းကို သိရှိစေနိုင်တဲ့ စကားပါပဲ။ ချစ်တဲ့သူတိုင်း အဆင်ပြေကြပါစေ......။

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။