လာမယ့်ရာသီသစ်မှာအောင်မြင်မှုတွေရရှိဖို့အတွက်ပြောင်းလဲပြင်ဆင်မှုတွေလုပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာနောက်ခံလူ မက်ဂွိုင်းယားကိုခေါ်ယူစာချုပ်ချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာ မက်ဂွိုင်းယားကို၈၅သန်းနဲ့ခေါ်ယူလိုက်တာဖြစ်ပါတယ်။မက်ဂွိုင်းယားကတော့ ဈေးအကြီးဆုံးနောက်ခံလူဖြစ်လာတော့မှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာဒီနှစ်ရာသီမှာလူငယ်ကစားသမားတွေကိုကြေးအမြင့်ဆုံးတွေပေးပြီးခေါ်ယူနေတာဖြစ်ပါတယ်။ဒါကြောင့်မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂလန်ပရီးမီးယားလိဒ်မှာငွေကြေးသုံးစွဲမှုအများဆုံးဖြစ်လာတော့မှာပါ။ရာသီသစ်ကလည်းမကြာခင်ရက်ပိုင်းမှာစတင်တော့မှာဖြစ်တာကြောင့်တန်းကြေးမြင့်ကစားသမားတွေရဲ့ခြေစွမ်းကိုပရိသတ်တွေစိတ်ဝင်စားနေကြတာလည်းဖြစ်ပါတယ်။

မက်ဂွိုင်းယားကတော့ခုမှာဆေးစစ်အပြီးမန်ယူအသင်းနဲ့တရားဝင်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ချန်ပီယံလိဒ်ဝင်ခွင့်ဆုံးရှုံးထားတာကြောင့် ရာသီသစ်အတွက်အကောင်းဆုံးကစားသမားတွေနဲ့ပြင်ဆင်နေတဲ့ မန်ယူအသင်းပရိသတ်တွေကိုဘယ်လိုရလဒ်တွေနဲ့ပျော်ရွှင်မှုတွေပေးနိုင်မလဲဆိုတာကတော်စိတ်ဝင်စရာကောင်းနေတာပဲဖြစ်ပါတယ်။

Source:Manchester United 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။