ဘာစီလိုနာအသင်းရဲ့အဓိကတိုက်စစ်ကစားသမား မက်ဆီကတော့ အသင်းရဲ့ အမေရိကခြေစမ်းပွဲတွေကိုလွဲချော်တော့မှာဖြစ်ပါတယ်။သူကတော့နားရက်ပြည့်လို့အသင်းနဲ့လေ့ကျင့်ခန်းစဆင်းတဲ့အချိန်မှာပဲ ခြေထောက်ဒဏ်ရာရရှိခဲ့တာကြောင့်ပွဲစဉ်တွေကိုလွဲချော်ရမှာဖြစ်ပါတယ်။

မက်ဆီဟာအမေရိကမှာကစားမယ့် နာပိုလီအသင်းနဲ့ခြေစမ်းပွဲ၂ပွဲလုံးကိုလွဲချော်မှာဖြစ်ပါတယ်။မက်ဆီရဲ့ဒဏ်ရာဟာလုံးဝမသက်သာတာကြောင့်စိုးရိမ်ရတဲ့အခြေနေကိုရောက်ရှိနေတာပါ။သူ့ရဲ့ဒဏ်ရာကြောင့်အနည်းဆုံး၄ပတ်လောက်နားရဖွယ်ရှိပြီး လာလီဂါပထမပွဲစဉ်ကိုလွဲချောနိုင်ဖွယ်ရှိနေတာပါ။မက်ဆီကပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာလည်းအရံခုံမှာသာထိုင်ကြည့်ခဲ့ရတာဖြစ်ပါတယ်။

မက်ဆီကတော့အသင်းရဲ့ခြေစမ်းပွဲတော်တော်များများကိုအနားယူထားတာကြောင့်သူ့ရဲ့ခြေစွမ်းတွေကိုပရိသတ်ကမြင်တွေ့ချင်တာပါ။ဒါပေမယ့်လည်းဒဏ်ရာမသက်သာတာကြောင့်သူ့ပရိသတ်တွေကတော့ကြည့်ဖို့လွဲချော်ရမှာဖြစ်ပါတယ်။ပရိသတ်တွေလည်းဒဏ်ရာကအမြန်သက်သာလာပြီး ဘာစီလိုနာအသင်းနဲ့ခြေစွမ်းတွေပြသနိုင်ဖို့ဆုတောင်းပေးကြပါဦးနော်။

Source:FC Barcelona 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။