ဗီယက်နမ်နိုင်ငံမှာကျင်းပမယ့် AFF U-18 NEXT MEDIA CUP 2019 ပြိုင်ပွဲဝင်မြန်မာယူ၁၈အသင်းကတော့ဒီနေ့မှာ အဖွင့်ပွဲစဉ်ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။မြန်မာအသင်းဟာအဖွင့်ပွဲစဉ်ကိုတော့လာအိုအသင်းနဲ့ညနေ၃နာရီခွဲမှာယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ဖို့ဆိုရင်တော့အဖွင့်ပွဲစဉ်ကိုအနိုင်ရဖို့လိုအပ်နေတာဖြစ်ပါတယ်။

မြန်မာအသင်းဟာဒီပြိုင်ပွဲမှာတော့ အုပ်စု(က)မှာ အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်း အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီပြိုင်ပွဲကိုလူငယ်ကစားသမားတွေအများစုနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး အာရှပြိုင်ပွဲတွေအတွက်ပါရည်ရွယ်ပြင်ဆင်ထားတာဖြစ်ပါတယ်။

နောက်ပိုင်းမှာတိုးတက်လာတဲ့ အာစီယံအသင်းတွေရဲ့ခြေစွမ်းတွေကြောင့်မြန်မာအသင်းအနေနဲ့ပွဲတွေကို သတိထားကစားရဖို့လိုအပ်နေတာဖြစ်ပါတယ်။မြန်မာအသင်းရဲ့နည်းပြချုပ်အဖြစ်ဦးစိုးမြတ်မင်းကတာဝန်ယူထားတာဖြစ်ပြီးပြိုင်ပွဲမတိုင်မီထဲကပြင်ဆင်မှုတွေသေချာလုပ်ထားတာကြောင့်ရလဒ်ကောင်းတွေနဲ့အောင်မြင်မှုတွေရနိုင်ဖို့အားပေးကြပါဦးနော်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။