မန်ယူအသင်းဟာ သူတို့ရဲ့ ယိုယွင်းနေတဲ့ နောက်တန်းအတွက် လက်စတာနောက်ခံလူ မက်ဂွိုင်းရားကို ချိတ်ဆက်နေတာအချိန်အတော်ကြာနေပြီဖြစ်ပြီး ယခုမှာတော့ မန်ယူအသင်းသို့ တရားဝင်ရောက်ရှိလာပြီဖြစ်ပါတယ်။ မက်ဂွိုင်းရား၏ ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း ၈၀ ဖြစ်၍ ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူတစ်ဦးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် မက်ဂွိုင်းရားကတော့ အိုးလ်ထရက်ဖို့ဒ်တွင် တစ်ပတ်ပေါင် ၂ သိန်းအထိ ရရှိနိုင်မည်ဖြစ်ပြီး အသင်း၏နောက်ခံလူများထဲတွင် လစာအများဆုံးကစားသမားဖြစ်လာမည် ဖြစ်ပါတယ်။ မက်ဂွိုင်းရားဟာ မန်ယူအသင်းနှင့် (၆)နှစ် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ကျောနံပတ်၅ကို ဝတ်ဆင်မှာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ မက်ဂွိုင်းရားကို အကောင်းဆုံးနောက်ခံလူတွေဖြစ်တဲ့ ဗီဒစ် ဖာဒီနန်တို့လို့ အသင်းရဲ့ နောက်တန်းကို ကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ပြိုင်ဖက်ရဲ့ တိုက်စစ်ဆင်မှုကို အေးဆေးတည်ငြိမ်စွာနဲ့ အကောင်းဆုံး ဖျက်ထုတ်ပြီး ဘောလုံးစကေးကြွယ်ဝတဲ့ မန်ယူကစားသမားသစ် မက်ဂွိုင်းရားရဲ့ ဗီဒီယိုကိုဖော်ပြပေးလိုက်ပါတယ်။

source: manchaster united

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။