တရုတ်-အာဆီယံ နိုင်ငံများ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် ချစ်ကြည်ရေးနှီးရေး အစီအစဉ်အရ တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဖိတ်ခေါ်ကျင်းပသည့် တရုတ်-အာဆီယံ ယူ၁၂ ဘောလုံး ပြိုင်ပွဲ ယှဉ်ပြိုင် နေတဲ့မြန်မာယူ၁၂အသင်းကတော့ဆီမီးဖိုင်နယ်မှာရှုံးနိမ့်သွားခဲ့ပါတယ်။။ မြန်မာ ယူ၁၂ အသင်းအနေဖြင့် ဆီမီးဖိုင်နယ်မှာအိမ်ရှင်တရုတ်အသင်းကို(၂-ဝ)နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

မြန်မာယူ၁၂အသင်းအနေနဲ့ ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲနဲ့ဝေးပြီးတတိယလုပွဲကစားရမှာဖြစ်ပါတယ်။တတိယနေရာလုပွဲမှာတော့မလေးရှားယူ၁၂အသင်းနဲ့ကစားရမှာပဲဖြစ်ပါတယ်။မြန်မာယူ၁၂အသင်းဟာဒီပြိုင်ပွဲမှာအသင်းကြီးတွေနဲ့အပြိုင်ခြေစွမ်းပြပြီး ခုလိုတတိယနေရာလုပွဲအထိတက်လှမ်းနိုင်ခဲ့တာပါ။

တတိယနေရာလုပွဲကိုတော့ယနေ့နေ့လည်း၂နာရီခွဲအချိန်မှာယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ခုလိုအိမ်ရှင်တရုတ်ကိုတောင်ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ရှုံးနိမ့်ပြီးတတိယနေရာလုပွဲကိုရောက်လာတဲ့ကစားသမားတွေရဲ့စွမ်းဆောင်မှုတွေကတော့တစ်ချိန်မှာအနာဂတ်အတွက်အားကိုးရဖွယ်ရှိနေတာပါ။ပရိသတ်တွေလည်းနိုင်ငံ့ဂုဏ်ဆောင်ဖို့ကြိုးစားနေတဲ့မြန်မာယူ၁၂အသင်းကိုလည်းအားပေးကြပါဦးနော်။

SOURCE:MFF


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။