ပရိသတ်ကြီးရေ အခုတစ်ခါဖော်ပြပေးချင်တာကတော့ ကမ္ဘာ့အနှံ့နှံ့က စစ်တပ်တွေရဲ့ ထူးခြားတဲ့ စစ်ဝတ်စုံတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အဓိကလုံခြုံနိုင်မှုအတွက် စစ်တပ်ဆိုတာ မရှိမဖြစ်လိုအပ်သလို ဒီစစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေဟာလည်း စစ်တပ်မှာမရှိမဖြစ် လိုအပ်နေတဲ့ စွမ်းအားအရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။ စစ်သားဖြစ်တဲ့အတွက် ကြည်းကြောင်း ၊ ရေကြောင်း ၊လေကြောင်း မှာ တာဝန်ထမ်းဆောင်ရသူတိုင်း မလွဲမသွေ တိုက်ပွဲ ဆိုတာကို မဖြစ်မနေမ ကြုံတွေ့ကြရမှာပဲ ဖြစ်ပါတယ်။

တိုက်ပွဲ အတွင်း တစ်ဖက်ရန်သူနဲ့ တိုက်ခိုက်တဲ့အခါ အထိအခိုက်အသေအပျောက်နည်းအောင် စစ်ဝတ်စုံတွေကို ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံလာကြတာပဲ ဖြစ်ပါတယ်။ အဆင့်အမြင့်နည်းပညာတွေ အပြင် အထူးတပ်ဖွဲတွေအတွက် ဆန်းပြားတဲ့ စစ်ဝတ်စုံတွေကို တစ်နိုင်ငံနဲ့အပြိုင် ထုတ်လုပ်လာကြတာကို တွေ့ရပါတယ်။ တစ်ကယ် အထိအခိုက်နည်းလား မနည်းလား မသိပေမယ့် တချို့စစ်ဝတ်စုံတွေဟာ အမတော်လေးကို ဒီဇိုင်းပိုင်းမှာ ထူးခြားနေတယ်လို့ ပြောလို့ရပါတယ်။

များသောအားဖြင့် ဒီလို စစ်ဝတ်စုံတွေကို နိုင်ငံတွေရဲ့ အထူးတပ်ဖွဲ့တွေပဲ ဝတ်ဆင်တာကိုပဲ တွေ့ရတတ်ပြီး ဥရောပနိုင်ငံ အတော်တော်များများမှာ ဒီလိုမျိုး ထူဆန်းတဲ့ စစ်ဝတ်စုံနဲ့ တာဝန်ထမ်းဆောင်နေကြတာကို ပုံထဲကအတိုင်းတွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်။ နောက်တစ်ခေါက်တွေမှာလည်း ဒီလို ထူးဆန်းတဲ့ အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးအုန်းမှာမို့လို့ စောင့်မျှော် ဖတ်ရှုပေးကြပါအုန်းနော်။

Source : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။