မြန်မာ့လက်ရွေးစင်အသင်းတိုက်စစ်မှူးကျော်ကိုကိုကတော့ထိုင်းပရီးမီးယားလိဒ်ကလပ်စမူပါကန်အသင်းမှာကစားနေတာတစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။အချိန်တွေကြာလာတာနဲ့အမျှကျော်ကိုကိုကတော့အကောင်းဆုံးခြေစွမ်းတွေလည်းပြသနိုင်ပြီး အသင်းအတွက်အနိုင်ဂိုးတွေကိုလည်းသွင်းယူပေးနေတာဖြစ်ပါတယ်။

သူ့ကတော့ထိုင်းလိဒ်မှာစမူပါကန်အသင်းမတိုင်မီကလည်းချင်းရိုင်အသင်းမှာကစားခဲ့ဘူးတာပါ။ဒါမယ့်ချင်းရိုင်အသင်းမှာ ဒဏ်ရာကြောင့်အချိန်တော်ကြာနားခဲ့ရတာဖြစ်ပါတယ်။ခုစမူပါကန်အသင်းမှာလည်းအစပိုင်းကပွဲထွက်ခွင့်ရဖို့ရုန်းကန်ရပေမယ့်ခုနောက်ပိုင်းမှာခြေစွမ်းပြနိုင်တာကြောင့်လူစားလဲကစားခွင့်တွေရရှိနေတာဖြစ်ပါတယ်။

ကျော်ကိုကိုကခုတော့ထိုင်းမီဒီယာတွေရဲ့အင်တာဗျူးမှာ စမူပါကန်အသင်းနဲ့ပတ်သတ်တဲ့အကြောင်းတွေကိုလည်းပြောကြားသွားခဲ့ပါတယ်။ထိုင်းဘောလုံးနဲ့ပတ်သတ်ပြီး လည်းပြောကြားသွားခဲ့ပြီးအောင်သူတို့အကြောင်းတွေကိုလည်းပြောကြားသွားခဲ့ပါတယ်။ကျော်ကိုကိုဘာပြောသွားလဲဆိုတာကိုတော့အောက်က video လေးကိုကြည့်ပြီးအားပေးကြပါဦးနော်။

Source:

Khaosod Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။