လက်ရှိ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ International Army Games 2019 ပြိုင်ပွဲကြီးကို ကမ္ဘာ့နိုင်ငံအသီးသီးနဲ့အတူ မြန်မာ့ကိုယ်စားပြုတပ်မတော်သားများစွာ သွားရောက်ယှဉ်ပြိုင်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ပြိုင်ပွဲရဲ့ သြဂုတ်လ ၅ ရက်နေ့ ဒုတိယနေ့ မြန်မာ့တပ်မတော် သံချပ်ကာတပ်ဖွဲ့ကပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။ ၎င်းဒုတိယနေ့မှာ မြန်မာ့တပ်မတော်တင့်ကားမှ ဗိုလ်ကြီး ထက်ဇော်သန်း ( Commander ) ဗိုလ်ကြီး အောင်ပြည့်စုံဦး ( Gunner ) တပ်သား ဇင်ထူးအောင် ( Driver ) တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ယှဉ်ပြိုင်မှုမှာတော့ ပထမပစ်မှတ် တင့်ကားအမြောက် ပစ်ချက် ၃ ချက်အနက် ၂ ချက်မှန်ခဲ့ပြီး ဒုတိယပစ်မှတ် စက်သေနတ် ပစ်ချက် ၅ ချက်အနက် ၁ ချက်မှန်ခဲ့ကာ တတိယပစ်မှတ် ကျည် ၅ တောင့် ကျည်အခဲ့တဲ့အတွက် မပစ်ခတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ စုစုပေါင်း ထိချက် ၃ ချက် နဲ့ ၃၃ မိနစ်၊ ၅၈ စက္ကန့်နဲ့ ပထမဆုံး ပန်းဝင် နိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ယှဉ်ပြိုင်မှုမှာတော့ မြန်မာအသင်းနဲ့အတူ နိုင်ငံ ၃ နိုင်ငံယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။

မြန်မာ့တပ်မတော်တင့်ကားအသင်းဟာ ပထမနေ့ကတည်းက ပစ်မှတ်အားလုံးကိုထိမှန်ခဲ့ပေမယ့် တင့်ကား မြေကျွံတိမ်းစောင်းမှုနဲ့ အငြင်းပွားဖွယ် လက်နက်အင်ဂျင် အမှားအယွင်းအချို့ရှိခဲ့တာကြောင့် ဒိုင်ဆုံးဖြတ်ချက်နဲ့ မီတာ (၅၀၀) ကွင်းအပို (၂) ပတ် ဒဏ်တပ်ခံခဲ့ရလို့ မောင်းနှင်ချိန် (၅) မိနစ် နစ်နာခဲ့ရကြောင်း သိရှိရပါတယ်။ ဒါပေမယ့် ပထမနေ့ရလဒ်မှာ ပစ်မှတ်ထိမှန်မှုအနေနဲ့ ပစ်မှတ် ၅ ခု စလုံးထိခဲ့ပါတယ်။ ပစ်မှတ်အားလုံးကို အချိန်တိုအတွင်း ထိမှန်အောင်ပစ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် တင့်ဖျက်သမားပစ်မှတ်နဲ့ ရဟတ်ယာဉ်ပစ်မှတ်တွေကို ပထမဆုံးကျည်တစ်တောင့်မှာတင် ထိအောင် ပစ်နိုင်ခဲ့ပါတယ်။ ယခုအချိန်အထိတော့ ပစ်မှတ် ၅ ခုလုံးထိတာ Russia, Belarus နဲ့ Myanmar ၃ နိုင်ငံပဲ ရှိသေးတယ်လို့လည်း သိရပါတယ်။ ဒါအပြင် မောင်းနှင်မှုအမြန်နှုန်း အနေနဲ့ တစ်နာရီကို (၆၇) ကီလိုမီတာနှုန်းအထိ မောင်းနိုင်ခဲ့ပြီး အတားအဆီးတွေမှာ တိုင်တစ်တိုင်ပဲ တိုက်ခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် လက်ရှိရုရှားနိုင်ငံမှာသွားရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့တပ်မတော်သားအချို့ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

photos - ပြည်သူ့တပ်မတော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။