မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ဓဝင်ကစားသမား ရွန်းနီကတော့ လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီသို့နည်းပြအဖြစ်မကြာမီအချိန်တွင်းမှာရောက်လာတော့မှာဖြစ်ပါတယ်။ရွန်းနီကတော့ ပြီးခဲ့တဲ့နှစ်ကထိ DC United အသင်းမှာခြေစွမ်းပြပြီးကစားနေတာဖြစ်ပေမယ့် ဒါဘီကောင်တီအသင်းကကမ်းလှမ်းတာကြောင့်လက်ခံခဲ့တာဖြစ်ပါတယ်။

ရွန်းနီကတော့ခုမှာ အမေရိက မှလန်ဒန်လေဆိပ်ကိုရောက်ရှိလာခဲ့တာပြီဖြစ်ပြီး ဒါဘီအသင်းတာဝန်ရှိသူတွေနဲ့တွေ့ဆိုတော့မှာဖြစ်ပါတယ်။ဒါဘီအသင်းကိုနည်းပြအဖြစ်တာဝန်ယူခဲ့ရင်တော့ ရွန်းနီကတော့ ပထမဆုံးကိုင်တွယ်ဘူးတဲ့ကလပ်အသင်းတစ်သင်းဖြစ်လာတော့မှာပါ။

ရွန်းနီကတော့ကစားသမားဘဝတစ်လျောက်မှာလည်းခြေစွမ်းတွေပြနိုင်တာဖြစ်ပြီးခုချိန်ထိတိုင်အကောင်းဆုံး သွင်းဂိုးတွေသွင်းယူနိုင်တာဖြစ်ပါတယ်။ဒါကြောင့် ဒါဘီပရိသတ်တွေကလည်း ရွန်းနီကို နည်းပြအဖြစ်နဲ့အောင်မြင်မှုတွေယူပေးနိုင်ဖို့မျှော်လင့်နေတာဖြစ်ပါတယ်။ပရိသတ်တွေအတွက်လည်း လန်ဒန်လေဆိပ်ကိုရောက်ရှိနေပြီဖြစ်တဲ့ ရွန်းနီရဲ့ပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။