မန်ချက်စတာယူနိုက်တက်အသင်းဟာဂျူဗင်တပ်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး မန်ဇူကစ်ကိုခေါ်ယူဖို့ညှိနှိုင်းမှုတွေလုပ်နေတာဖြစ်ပါတယ်။မန်ယူအသင်းဟာအသင်းရဲ့တိုက်စစ်နေရာအတွက်ဒိုင်ဘာလာကိုခေါ်ယူဖို့ပစ်မှတ်ထားခဲ့ပေမယ့် ဒိုင်ဘာလာရဲ့တောင်းဆိုမှုတွေကြောင့်လက်လျော့ခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာရာသီသစ်မှာအောင်မြင်မှုတွေယူဆောင်နိုင်ဖို့ကစားသမားသစ်တွေနဲ့ပြင်ဆင်နေတဲ့အသင်းဖြစ်ပါတယ်။ဒီနှစ်ရာသီမှာကစားသမားသစ်တွေကို စံချိန်တင်ပြောင်းရွေ့ကြေးတွေနဲ့ခေါ်ယူနေတာဖြစ်ပြီးခုမှာလည်းတိုက်စစ်နေရာအတွက် မန်ဇူကစ်ကိုခေါ်ယူဖို့ပြင်ဆင်နေတာပါ။

ဂျူဗင်အသင်းကလည်း မန်ယူအသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာကို ခေါ်ယူချင်နေတာဖြစ်တာကြောင့် မန်ဇူကစ်ကိုရောင်းချနိုင်ဖွယ်ရှိနေတာပါ။မန်ယူအသင်းကလည်း မန်ဇူကစ်ကို ခေါ်ယူဖို့အဆင်မပြေခဲ့ပါကလည်း တစ်ခြားတိုက်စစ်မှူးတွေကိုခေါ်ယူမှာမဟုတ်တော့ပဲရာသီသစ်မှာဒီလူစာရင်းနဲ့ပဲယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Source:Video


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။