အင်္ဂလန်နိုင်ငံ Newbury မှာနေထိုင်တဲ့ Ollie Williams လို့ခေါ်တဲ့ ကလေးငယ်လေးကတော့ လက်ရှိအချိန်မှာ အင်မတန်ထူးဆန်းလှတဲ့ ရောဂါဝေဒနာတစ်ခုကိုခံစားနေရတယ်လို့ သိရပါတယ်။

အသက်ငါးနှစ်အရွယ်သာ ရှိသေးတဲ့ ၎င်းကလေးငယ်လေးဟာ အမေမွေးတုန်းကတော့ အကောင်းအတိုင်းဆိုပေမယ့် လက်ရှိအချိန်မှာတော့ သူ့ရဲ့တကိုယ်လုံးက အရေပြားတွေဟာ လောင်ကျွမ်းပျက်ဆီးနေပဲဖြစ်ပါတယ်။

သူစတင်ဖြစ်ပွားခဲ့တာကတော့ နားနောက်နားမှာ အဖုသေးသေးလေးစထွက်လာရာကနေ စတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး တနာရီအတွင်းမှာ ခန္ဓကိုယ်တစ်ခုလုံးကို လျင်မြန်စွာ ပျံနှံ့သွားခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ကလေးငယ်လေးရဲ့မျက်လုံးနေရာတဝိုက်မှာ အရေပြားတွေ လောင်ကျွမ်းပျက်ဆီးသွားခဲ့သလို မိခင်ဖြစ်သူအမျိုးသမီး Carly ကတော့ ဒီအခြေအနေကို ဆရာဝန်တစ်ဦးထံ ဖုန်းဆက်မေးမြန်းခဲ့တဲ့အခါမှာတော့ သာမန်ရောဂါပိုးကူးစက် တာဖြစ်တယ်လို့ ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

မိခင်ဖြစ်သူကလည်း သူ့ရင်သွေးလေးရဲ့အခြေအနေကိုကြည့်ပြီး စိုးရိမ်စိတ်တွေအရမ်းများလာတာကြောင့် ဆေးရုံးသို့ အပြေးအလွားပို့ဆောင်ပေးတဲ့အခါမှာဆိုရင်လည်းဆရာဝန်တွေဟာ ကလေးငယ်လေးရဲ့ရောဂါလက္ခဏာဟာ ဖြစ်ခဲလှတဲ့ Stevens-Johson syndrome ရောဂါ လက္ခဏာပုံစံမျိုးဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

လက်ရှိကလေးငယ်လေးရဲ့ပုံစံဟာဆိုရင်လည်း ဘေးလူတွေအတွက်တော့ အရမ်းကြောက်စရာကောင်းတဲ့ ပုံစံတစ်ခုဖြစ်နေပြီး မိဘတွေသာဆိုရင် ကိုယ့်ရင်သွေးလေးရဲ့ ယခုပုံစံကိုကြည့်ပြီး အရမ်းကြေကွဲခံစားနေရမှာ အသေအချာပါပဲ။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။