ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေဟာ ထောင်ဖောက်ပြေးဖို့ကြံပြီဆိုရင် ဘယ်သူမှမစဉ်းစားဖူးတဲ့ အိုင်ဒီယာအလန်းကြီးတွေနဲ့ ထောင်ဖောက်ပြေးဖို့ ကြိုးစားကြတာတွေ့ရပါတယ်။

ယခုအခါမှာဆိုရင်လည်း ကလောင်ဗီနိုဒါ ဆီယိုဗာဆို လို့ခေါ်တဲ့ အမျိုးသားတစ်ဦးဟာ ထောင်ဖောက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့သိရပါတယ်။

၎င်းအမျိုးသားကတာ့ Red Command လို့ခေါ်တဲ့ ဘရာဇီး နာမည်ကျော် မူးယစ်မှောင်ခိုဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ပဲဖြစ်ပါတယ်။

သူထောင်ဖောက်ပြေးဖို့ ကြံခဲ့တဲ့နည်းလမ်းကတော့ သမီးဖြစ်သူရဲ့ အဝတ်အစားတွေကိုဝတ် ၊ ဆံပင်အတုတွေတပ် ဆီလီကွန်မျက်နှာဖုံးကိုပါ တပ်ပြီး မိန်းကလေးပုံစံဖမ်းကာ ဂျယ်ရီစီနို အကျဉ်းထောင်ကနေ ဖောက်ပြေးဖို့ ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။

သို့ပေမယ့် သူဟာ တာဝန်ကျ ထောင်ဝန်ထမ်းတွေရဲ့ရှေ့အရောက်မှာတော့ အနည်းငယ် ထိတ်လန့်သလို ပျာယာခတ်သလိုဖြစ်နေတာကြောင့် ထောင်တာဝန်ရှိသူတွေဟာ သူ့အပေါ် သံသယဝင်ပြီး ပြီး ဖမ်းဆီးကာ စစ်ဆေးခဲ့ပါတော့တယ်။

အဲ့ဒီနောက်မှာတော့ သူဖုံးကွယ်ထားသမျှအရာတွေဟာ တခုချင်းစီပေါ်လာပြီး ထောင်ဝန်ထမ်းတွေရဲ့ လက်အောင်ကိုပြန်လည်ရောက်ရှိခဲ့ရသလို လုံခြုံရေးတင်းကျပ်တဲ့ အခြားထောင်တစ်ခုကို လွှဲပြောင်းခံရတော့မယ်လို့ သိရပါတယ်။

သူစဉ်းစားခဲ့တဲ့ အကြံကလည်း အနည်းငယ်အလုပ်ဖြစ်တော့မလို ရှိပေမယ့် သာမန်ထက်ပိုလွန်းနေတဲ့ သူ့ရဲ့ရုပ်ပြောင်းမှုကြောင့် ထောင်ဝန်ထမ်းတွေရဲ့ထံမှာ ပြန်လည်ဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယ်။

သူ့ကိုဖမ်းမိပြီးနောက် ဖုံးကွယ်ထားသမျှကို တခုချင်းချွတ်ပြခိုင်းထားတဲ့ ဗီဒီယိုဖိုင်ကိုလည်း ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

SOURCE - METRO 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။