ပြည်တွင်းမိုးရွာသွန်းမှုကြောင့် ပြည်နယ်တိုင်းအနှံ့အပြားတွင် ထိခိုက်ဆုံးရှုံးမှုတွေနဲ့အတူ မြေပြိုမှုတွေလည်း ဖြစ်ပေါ်လျှက်ရှိကြောင်း သိရပါတယ်။ 

အဆိုပါဖြစ်စဉ်တွေကြောင့် ပြန်လည်ပြင်ဆင်မှုတွေကိုလည်း အဆက်မပျက်ပြုလုပ်လျှက်ရှိကြောင်း တွေ့ရပါတယ်။  

ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြေပြိုခြင်း သစ်ပင်များပြိုလဲခြင်းဖြစ်ပွားလျှက်ရှိရာ သံတောင်ကြီးမြို့ အမှတ်(၃)ရပ်ကွက်လိပ်သို လမ်းနှင့်ချယ်ရီလမ်းဆုံသည့်နေရာတွင်မြေပြိုမှုဖြစ်ပွားပြီး လမ်းပိတ်ဆို့မှုဖြစ်သွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မြေပြိုရာနေရာသို့ ဒိကနေ့နံနက်၈ နာရီတွင် မြို့နယ်ရဲမှူးအောင်ဝင်းစိန်ဦးဆောင်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မီးသတ် တပ်ဖွဲ့ စည်ပင်သာယာရေးဦးစီးဌာနမှတာဝန်ရှိသူများက သွားရောက်ကာ မြေကြီး များအား လူအကူအညီ မြေကော်စက်အကူအညီဖြင့် ဖယ်ရှားရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် နံနက် ၁၁ နာရီတွင် ယာဉ်များကောင်းမွန်စွာသွားလာနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ 

ထိုနည်းတူ သံတောင်ကြီးမြို့ အမှတ်(၄)ရပ်ကွက် ဆောက်လုပ်ရေးရုံးရှေ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအနီးထင်းရှုးပင် ကားလမ်းပေါ်တွင်ပြိုလဲခဲ့ရာ သွားရောက်ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ မိုးရွာသွန်းမှုကြောင့် ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေထဲက မြေပြိုမှုပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

source - the mirror daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။