ကမ္ဘာပေါ်မှာ လူပေါင်းများစွာရှိတဲ့အလျောက် မတူညီတဲ့ လူတွေလဲ များစွာရှိကြပါတယ်။ အဲ့လိုလူတွေထဲမှာ ထူးခြားဆန်းပြားတဲ့ သူတွေလဲရှိပါတယ်။ မွေးရာပါ ထူးခြားတဲ့သူတွေကလဲ ရှားရှားပါပဲ...တချို့သူတွေဆို Super Power တွေတောင်ရှိပါတယ်။ ဒါပေမဲ့လဲ ခုဖော်ပြသွားမဲ့သူတွေကတော့ ပုံမှန်သူတွေဆိုပေမဲ့ ထူးခြားဆန်းပြားတဲ့သူတွေပဲဖြစ်ကြပါတယ်။ အဲ့သူတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ 

ကမ္ဘာ့အရပ်အရှည်ဆုံးလူသား

သူဟာဆိုရင် ပရိသတ်ကြီး သိကြတဲ့အတိုင်း တူရကီက Sultan Kosen ပဲဖြစ်ကာ အရပ်က ၈ပေ၃လက်မရှိပါတယ်။ သူဟာ ဂင်းနစ်စံချိန်တင်ထားတဲ့ ကမ္ဘာ့အရပ်အရှည်ဆုံးသူတစ်ယောက်ဖြစ်ပါတယ်။

ကမ္ဘာ့တက်တူးအများဆုံး အမျိုးသမီး

Julia Gnuse ဆိုတဲ့ အသက် ၆၁နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးဟာဆိုရင် သူမ ခန္ဓာကိုယ်ရဲ့ ၉၅ရာခိုင်နှုန်းဟာ တက်တူးတွေနဲ့ ဖုံးအုပ်ထားတာဖြစ်ပါတယ်။ ယာကူဇာလဲမဟုတ်ဘူး မာဖီယာလဲ မဟုတ်ဘူး....ကြွေတယ်ဟုတ်။

လူသားဘာဘီမလေး

ပုံကိုကြည့်ပြီးတော့ သူကိုဘာဘီရုပ်လေးလို့ပဲ ပရိသတ်ကြီး သိကြမှာပါ။ Valeria Lukyanova ဆိုတဲ့အမျိုးသမီးဟာ ကမ္ဘာ့ပထမဆုံး အရုပ်နဲ့တူတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ သူကိုယ်သူ အရုပ်နဲ့တူအောင် ပြုလုပ်ထားတာပဲဖြစ်ပါတယ်။

ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီး

Brazil က Elisany Da Cruz Silva ဆိုတဲ့အမျိုးသမီးဟာ Sultan Kosenပြီးရင် ဒုတိယကမ္ဘာအရပ်အရှည်ဆုံးသူပဲဖြစ်ကာ အမျိုးသမီးအနေနဲ့ဆိုရင် ကမ္ဘာအရပ်အရှည်ဆုံးသူဖြစ်ပါတယ်။ သူမအရပ်ကတော့ ၆ပေ၉လက်မရှိပါတယ်။

ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီး

Jyoti Amge ဆိုတဲ့ India ကအမျိုးသမီးဟာဆိုရင် ကမ္ဘာ့အရပ်ပုဆုံးအဖြစ် ဂင်းနစ်စံချိန်ဝင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ 

African Hulk

အထူးပြောရန် မလိုလောက်တော့ပါဘူး...သူကတော့ အပြင်မှာတကယ်ရှိတဲ့ အာဖရိက Hulk ပဲဖြစ်ပါတယ်။ Hulk ဆိုတာ Marvel ရဲ့ Avengers ကားထဲ လူသန်းစိမ်းကြီး တစ်ယောက်ဖြစ်ပါတယ်။

အဆီလုံးဝမရှိသူ

လူသားတွေရဲ့ Body မှာ ဘယ်လောက်ပိန်ပိန် အဆီဆိုတာ ရှိပါတယ်။ ခုပုံထဲကလူ Tom Staniford ကတော့ အဆီကို သုညရာခိုင်းပဲရှိတဲ့ အဆီလုံးဝမရှိသူတစ်ယောက်ဖြစ်ပါတယ်။ ၅ပုံ၁ပုံလောက်သာဖြစ်တက်တဲ့ ဖြစ်စဉ်တစ်ခုပါ။

Source : Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။