ဗီယက်နမ်နိုင်ငံမှာကျင်းပနေတဲ့ အာစီယံယူ၁ဂပြိုင်ပွဲဝင်မြန်မာအသင်းကတော့ဒီနေ့လာအိုအသင်းနဲ့အဖွင့်ပွဲအဖြစ်ကစားခဲ့ပါတယ်။ဒီပွဲစဉ်မှာတော့မြန်မာအသင်းဟာလာအိုအသင်းကို(၁-၃)ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်။အုပ်စုအဆင့်ကျော်လွှားဖို့ဆိုအဖွင့်ပွဲစဉ်မှာအနိုင်ရဖို့လိုအပ်နေတာကြောင့်အကောင်းဆုံးကစားသွားပြီးအနိုင်ယူခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာအကောင်းဆုံးလူစာရင်းတွေနဲ့ပွဲထွက်ခဲ့ပြီးခြေစွမ်းပြကစားနိုင်ခဲ့တာပါ။ဘောလုံးအသာစီးယူပြီးခြေအသာနဲ့ကစားခဲ့တာဖြစ်ပြီး မြန်မာအသင်းရဲ့ဦးဆောင်ဂိုးတွေကိုတော့၂၉မိနစ်၃၇မိနစ်တွေမှာထဲ၂ဂိုးအသာနဲ့ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာဦးဆောင်ဂိုးရခဲ့ပေမယ့် ကစားအားမလျော့ပဲအကောင်းဆုံးပုံစံကိုပြသသွားခဲ့တာပါ။

ဒုတိယပိုင်းမှလည်းမြန်မာအသင်းဟာပိုမိုကောင်းမွန်တဲ့ခြေစွမ်းတွေပြသနိုင်ပေမယ့် လာအိုအသင်းခံစစ်ကလည်းကောင်းမွန်စွာရှင်းထုတ်နိုင်ခဲ့တာပါ။လာအိုအသင်းကလည်းခြေပဂိုးရဖို့ကြိုးစားရင်းနဲ့၄၉မိနစ်မှာအမှတ်မထင်ခြေပဂိုးရခဲ့ပါတယ်။ဒီလိုနဲ့ဆက်ကစားရင်း၈၂မိနစ်မှာလာအိုကစားသမားတစ်ယောက်အနီကဒ်ပြခံလိုက်ကတာကြောင့်မြန်မာအသင်းကပိုပြီးဖိအားပေးခဲ့တာပါ။ပွဲကစားချိန်မိနစ်၉ဝပြည့်လို့နာကျင်အချိန်ပိုမှာတော့မြန်မာအသင်းနောက်ထပ်ဦးဆောင်ဂိုးရရှိခဲ့ပြီး(၁-၃)နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။မြန်မာအသင်းဟာနောက်ပွဲစဉ်အဖြစ်ဖိလစ်ပိုင်အသင်းနဲ့၈ရက်နေ့မှာကစားရမှာဖြစ်ပါတယ်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။