မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် လာမည့် UEFA Assist Program အရ မန္တလေးမြို့တွင် ကျင်းပမည့် လေးနိုင်ငံ ယူ၁၆ ဖိတ်ခေါ်ပြိုင်ပွဲတွေအတွက် နည်းပြသစ်ကိုခန့်အပ်တော့မှာဖြစ်ပါတယ်။အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC U16 ချန်ပီယံရှစ် ခြေစစ်ပွဲများ ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် ယူ၁၅ အသင်းနည်းပြချုပ် အဖြစ် မြန်မာ့လက်ရွေးစင် နောက်ခံလူဟောင်း ဦးမင်းသူအား စာချူပ် ချူပ်ဆို တာဝန်ပေးသွားမှာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်နောက်ခံလူဟောင်း ဦးမင်းသူသည် ရှမ်းယူနိုက်တက် လူငယ်အသင်းများကို အောင်မြင်မှုများစွာ

ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်သလို လက်ရှိတွင် ရှမ်းယူနိုက်တက် ယူ-၁၉၊ ယူ-၂၁ အသင်းများတွင် မန်နေဂျာ အဖြစ်

တာဝန် ထမ်းဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။လူငယ်အသင်းများနဲ့မစိမ်းပဲမြန်မာကစားသမားများတွေနဲ့နီးနီးကပ်ကပ်ရှိတာကြောင့် မြန်မာအသင်းနည်းပြရာထူးအတွက်ကိုက်ညီသူတစ်ဦးဖြစ်ပါတယ်။မြန်မာ ယူ၁၅ အသင်းအား AFF U-15 Boys Championship 2019 ပြိုင်ပွဲတွင် နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဂျာမန် နိုင်ငံသားနည်းပြ တော်စတန်သည် အသင်းနှင့်ဆက်လက် လက်တွဲဆောင်ရွက်တော့မည် မဟုတ်ကြောင်း ယင်း၏ သဘောဆန္ဒအတိုင်း တင်ပြလာသဖြင့် လက်ခံခဲ့ပြီး AFC - A လိုင်စင် နည်းပြတစ်ဦး ဖြစ်သည့် ဦးမင်းသူအား စာချူပ် တစ်ရပ်ဖြင့် ချူပ်ဆို တာဝန်ပေးရန် စီစဉ်ရခြင်း ဖြစ်သည်။

ဦးမင်းသူ အနေဖြင့် နည်းပြသက်တမ်း တလျှောက် မြန်မာ့ လက်ရွေးစင် အသင်းတစ်သင်းအား ပထမဆုံး အကြိမ်အဖြစ် တာဝန်ယူ ကိုင်တွယ်မှာဖြစ်ပါတယ်။မြန်မာယူ၁၅အသင်းဟာ ပြီးခဲ့တဲ့အာစီယံယူ၁၅ပြိုင်ပွဲဝင်အသင်းဟာပြိုင်ပွဲမှာအရှက်တကွဲရှုံးနိမ့်ခဲ့တာကြောင့် နုတ်ထွက်သွားခဲ့တဲ့ ဂျာမနီနည်းပြနေရာမှာ အစားထိုးမှာဖြစ်ပါတယ်။အကယ်ဒမီကစားသမားတွေဖြစ်ပေမယ့် အသင်းတိုင်းကိုအရှက်တကွဲရှုံးနိမ့်ထားတဲ့မြန်မာယူ၁၅အသင်းကိုဘယ်လိုရလဒ်ကောင်းတွေယူဆောင်ပေးနိုင်မလဲဆိုတာကတော့စိတ်ဝင်စရာကောင်းနေပြီဖြစ်ပါတယ်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။