လာမယ့်ပရီးမီးယားလိဒ်ရာသီသစ်အတွက်ပြင်ဆင်မှုတွေလုပ်နေတဲ့ စပါးအသင်းကတော့ ခုမှာ ဂျူဗင်တက်လူငယ်တိုက်စစ်မှူးဒိုင်ဘာလာကိုခေါ်ယူဖို့သဘောတူညီခဲ့ပြီဖြစ်ပါတယ်။စပါးအသင်းကတော့ဒိုင်ဘာလာအတွက် ဂျူဗင်တပ်အသင်းနဲ့ပေါင်သန်း၇၀နဲ့သဘောတူညီခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လာမယ့်ရာသီစပါးအသင်းတိုက်စစ်ကတော့အကောင်းဆုံးတိုက်စစ်တွေကိုမြင်ရဖွယ်ရှိနေတာပါ။

ဒိုင်ဘာလာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမန်ယူအသင်းကိုပြောင်းရွေ့ဖို့သဘောတူညီမှုရခဲ့ပြီဟုသတင်းတွေထွက်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာအပြောင်းရွေ့ပျက်ပြယ်ခဲ့တာပါ။ဒါကြောင့်စပါးအသင်းကမြန်မြန်ဆန်ဆန်လက်ဦးမှုရယူပြီး ဒိုင်ဘာလာကိုခေါ်ယူခဲ့လိုက်တာဖြစ်ပါတယ်။စပါးအသင်းတိုက်စစ်မှာတော့နာမည်ကျော်တိုက်စစ်မှူးကိန်းနဲ့တူတူဒိုင်ဘာလာတို့ကိုတွေ့ရတော့မှာဖြစ်ပါတယ်။

စပါးအသင်းဟာခုနောက်ပိုင်းနှစ်တွေမှာအသင်းကြီးတစ်သင်းအဖြစ်ရပ်တည်နေတာဖြစ်ပြီး မနှစ်ကရာသီဥရောပချန်ပီယံလိဒ်ပြိုင်ပွဲမှာလည်းဗိုလ်လုပွဲအထိတက်ရောက်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ဒီနှစ်ရာသီမှာလည်း ပရီးမီးယားလိဒ်ချန်ပီယံဆုအတွက်လူငယ်တွေနဲ့အကောင်းဆုံးဖွဲ့စည်းထားတာကြောင့်လာမယ့်ရာသီသစ်မှာအသင်းကြီးတွေ သတိထားရမယ့်အသင်းဖြစ်လာတော့မှာပါ။

SOURCE:GOAL.COM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။