လက်ရှိ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ International Army Games 2019 ပြိုင်ပွဲကြီးကို ကမ္ဘာ့နိုင်ငံအသီးသီးနဲ့အတူ မြန်မာ့ကိုယ်စားပြုတပ်မတော်သားများစွာ သွားရောက်ယှဉ်ပြိုင်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ပြိုင်ပွဲကြီးကို နိုင်ငံပေါင်း ၁၃ နိုင်ငံအထိပါဝင်ယှဉ်ပြိုင်လျှက်ရှိပြီး နိုင်ငံကိုယ်စားပြု သူရဲကောင်းများစွာကလည်း ဆုအသီးသီးနဲ့အတူ နိုင်ငံအလိုက် အဆင့် ၅ ထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့တာတွေ့ရပါတယ်။  

ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲက ပြိုင်ပွဲဝင်(၁၃) နိုင်ငံမှာ မြန်မာက လက်ရှိအဆင့်(၅)နေရာမှာ ရှိပြီး ရုရှက အဆင့်(၄)ရပ်တည်နေပါတယ်။ လေ့ကျင့်မှုနဲ့ ယှဉ်ပြိုင်မှုစွမ်းရည်တွေ ပိုပြီးတိုးတက်လာပေမယ့် အမှတ်ပေးစည်းမျဉ်းတွေပေါ်မှာ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကြောင့် မချင့်မရဲဖြစ်ရတာတွေရှိကြောင်း ကြားသိရပါတယ်။ ဒါအပြင် လက်ဖြောင့် သေနတ်ပစ် (Sniper Froniter) ပြိုင်ပွဲမှာလည်း ပထမအဆင့် ပစ်ခတ်စဉ် (၇)မျိုးမှ ပြိုင်ပွဲဝင် ၂၃သင်းတွင် မြန်မာက အဆင့်( ၁၃)နဲ့ ဒုတိယအဆင့် ပစ်ခတ်စဉ်ကို ဆက်ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြိုင်ပွဲဝင် ၁၈သင်းမှာ အဆင့် ၁၁ ရပေမယ့် ပထမအဆင့်နဲ့ထွက်ခဲ့ရပါတယ်။ ယခုနှစ်မှာပြိုင်ပွဲ စည်းမျဉ်း ပြောင်းလဲမှုကြောင့် ဆက်ကြိုးစားခွင့်ရမယ့် အခြေအနေပဲဖြစ်ပါတယ်။ ဒုတိယအဆင့် တတိယအဆင့်ပစ်ခတ်စဉ်တွေမှာ လက်ရှိရပ်တည်ချက်ထက် သာလွန် အောင် အားသွန်ခွန်စိုက် ကြိုးစားကြဖို့လိုအပ်တာတွေ့ သိရပါတယ်။ 

Tank Biathion(တင့်ကားအမြန်မောင်းပစ်ခတ်စဉ်)ဖြင့် တင့်ကားစွမ်းရည်ကတော့ မြင်တွေ့ခဲ့ကြတဲ့အတိုင်း တိုးတက်မှုကို liveကြည့်ရှု့ခွင့်ရပြီး တိုးတက်မှုများစွာရှိတာတွေ့ရပါတယ်။ ပထမနေ့ပွဲစဉ် error တွေကြောင့် ဒုတိယနေ့မှာ ထိပ်ဆုံးရောက်ပေမယ့် နောက်တစ်ဆင့်တက်ဖို့ အတော်ရုန်းကန်ရမှာပါ။ သြဂုတ်(7) ဒီကနေ့ပွဲက အဆုံးအဖြတ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ပထမနေ့ပွဲစဉ်မှာဖြစ်ခဲ့တဲ့တင့်ကား Error ကြောင့် ပန်းဝင်စံချိန် (၁)နာရီ (၁)မိနစ်ထဲကနေ (၇)မိနစ်ခွဲ တိတိလျှော့ချပေးလိုက်ပြီဖြစ်လို့ပထမနေ့ပြိုင်ပွဲမှာမြန်မာတင့်အသင်းအနေနဲ့ (၅၃)မိနစ်ခွဲဖြင့် ပန်းဝင်စံချိန်ရရှိခဲ့ပြီဖြစ်ပါတယ်။ အုပ်စုပွဲစဉ်နှစ်ပွဲယှဉ်ပြိုင်ပြီးနောက် လာအိုနဲ့မြန်မာတင့်အသင်းကြားပန်းဝင်စံချိန်ကွာခြားချက်မှာ (၁၀)မိနစ်ဖြစ်ပြီး ယူဂန်ဒါတင့်အသင်းနဲ့ကွာခြားချက်မှာ (၁)မိနစ်သာသာပဲရှိတော့မှာဖြစ်ပြီးနောက်တစ်ဆင့်ကို လွတ်လွတ်ကျွတ်ကျွတ် တက်ရောက်ဖို့ အခွင့် အလမ်းအများကြီးသာ သွားပြီပဲဖြစ်ပါတယ်။နိုင်ငံ ဂုဏ်ဆောင်ကြိုးစားနေတဲ့ ရုရှား International Army Games 2019 ပြိုင်ပွဲမှ မြန်မာ့ကိုယ်စားပြု တပ်မတော်သားတွေရဲ့ ပြိုင်ပွဲဝင်ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

photos - Thet Htoo San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။