ဘာစီလိုနာအသင်းရဲ့ကစားသမားတစ်ဦးဖြစ်တဲ့ ကော်တင်ဟိုကတော့ ခုမှာအသင်းပြောင်းဖို့လုပ်နေတာဖြစ်ပြီး အင်္ဂလန်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့စပါးအသင်းတို့ကအငှားနဲ့ခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။ကော်တင်ဟိုအပြောင်းအရွေ့သာဖြစ်ခဲ့ပါကသူကိုနောက်တစ်ကြိမ်အင်္ဂလန်မြေမှာတွေ့ရတော့မှာဖြစ်ပါတယ်။

ကော်တင်ဟိုကတော့ အသင်းမှာ အက်သလက်တီကိုကစားသမား ဂရစ်ဇမန်းရောက်ရှိလာတာကြောင့်ပွဲထွက်ခွင့်ရဖို့ရုန်းကန်ရဖွယ်ရှိနေတာပါ။ဒါကြောင့်သူကတော့ပုံမှန်ပွဲထွက်ခွင့်ရမယ့်အသင်းကိုပြောင်းရွေ့ချင်နေတာပါ။အာဆင်နယ်အသင်းကိုပြောင်းရွေ့ဖို့သဘောတူညီမှုရပြီဟုသတင်းတွေထွက်ခဲ့ပေမယ့်ခုမှာတော့စပါးအသင်းနဲ့ပါအပြိုင်ဖြစ်နေရတာပါ။

ကော်တင်ဟိုကတော့ပါပူးအသင်းကနေဘာစီလိုနာအသင်းကိုစံချိန်တင်ပြောင်းရွေ့ကြေးနဲ့ပြောင်းခဲ့ပေမယ့် ခြေစွမ်းပြဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။ခုမှာလည်းအသင်းမှာနေရာရာဖို့ရုန်းကန်ရမှာဖြစ်တာကြောင့် အသင်းပြောင်းဖို့ကြိုးစားနေတာဖြစ်ပြီး အပြောင်းအရွေ့ပိတ်သိမ်းတော့မယ့် ၄၈အတွင်းဘယ်အသင်းကိုရောက်ရှိသွားမလဲဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

Source:Sky Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။