ပြီးခဲ့တဲ့ရက်ပိုင်းက စပိန်နိုင်ငံအတွင်းမှာ တောမီးနှစ်ခုလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

၎င်းတောမီးကတော့ သြဂုတ်လ ၄ ရက်နေ့မှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆယ်ဂိုဗီလာပြည်နယ် ထဲမှာ လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် မီးသတ်သမားတွေဟာ ၎င်းတောမီးကို ကြိုးစားပြီးငြှိမ်းသတ်ခဲ့ရသလို သြဂုတ်လ ၅ ရက်နေ့မှာ အကုန်လုံးကို မထိန်းချုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

သူတို့မထိန်းချုပ်နိုင်ခဲ့တဲ့ လာဂရန်ခန်ဒေးက တောမီးကြောင့်ဆိုရင်လည်း သစ်တောဧရိယာ ဧက ၇၄၀၀၀၀ ကျော်လောက် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၎င်းတောမီးဟာ အမျိုးသားဥယျာဉ်ကိုပါ ကူးစက်လောင်ကျွမ်းခဲ့တာကြောင့် မီးသတ်သမားတွေအနေနဲ့ အရေးပေါ်အစီအစဉ်တွေ ပြုလုပ်ပြီး ညှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

Source – El Pais

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။