လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းသည် Wayne Rooney အား ကစားသမားနည်းပြအဖြစ်ခေါ်ယူမှုကို တရားဝင်ကြေညာလိုက်ပြီဖြစ်ပါသည်။ ရွန်းနီကတော့ဒါဘီအသင်းနဲ့ ၂၀၂၁ အထိစာချုပ်မည်ဖြစ်ပြီး နောက်ထပ်တစ်နှစ်တိုးခွင့်ပါရှိတာဖြစ်ပါတယ်။ Rooney ကတော့ DC United သို့ပြန်သွားမည်ဖြစ်ပြီး မေဂျာလိဂ်ရာသီကုန်မှသာ ဒါဘီအသင်းနှင့်ပူးပေါင်းမှာဖြစ်ပါတယ်။

ရွန်းနီကတော့ပထမဆုံးနည်းပြအဖြစ်ဆောင်ရွက်ရမယ့်အသင်းဖြစ်ပြီး ဒါဘီအသင်းမှာကစားသမားအဖြစ်လည်းပါဝင်နေတာဖြစ်ပါတယ်။ရွန်နီကတော့ ပထမဆုံးနည်းပြဘဝဖြစ်တာကြောင့်အကောင်းဆုံးလုပ်ပြနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ရွန်းနီဟာဒီအသင်းမှာတော့ကျောနံပတ်၃၂ကိုဝတ်ဆင်ကစားမှာဖြစ်ပါတယ်။

ရွန်းနီဟာ DC United အသင်းမှာ၄၃ ပွဲ ကစားခဲ့ပြီး ၂၃ ဂိုးသွင်း၊ ၁၄ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။သူ့ကိုတော့ဒါဘီအသင်းပရိသတ်တွေကလည်းတစ်ခဲနက်ကြိုဆိုအားပေးခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်ပထမဆုံးနည်းပြဘဝမှာဘယ်လောက်ထိအောင်မြင်မှုတွေရအောင်စွမ်းဆောင်ပေးနိုင်မလဲဆိုတာတော့ဆက်လက်အားပေးကြပါဦးနော်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။