ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ဂျပန်နိုင်ငံအတွင်းမှာ ဟီရိုရှီးမား အဏုမြူဗုံးဒဏ်သင်တဲ့ သူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားကျင်းပခဲ့တယ်လို့သိရပါတယ်။

ဟီရိုရှီးမား ဒေသကို အဏုမြူဗုံးကြဲပြီး တိုက်ခိုက်ခံရတာဟာ ၇၄ နှစ်လောက်ကြာမြင့်ခဲ့ပြီဆိုပေမယ့်လည်း ဂျပန်ပြည်သူပြည်သားတွေရဲ့ ရင်ထဲမှာတော့ ယနေ့ထက်ထိတိုင် မနေ့နိုင်ဖြစ်နေတာပဲဖြစ်ပါတယ်။

၎င်းအခမ်းအနားကိုတော့ ဂျပန်ပြည်သူ ငါးသောင်းကျော်လောက် တက်ရောက်ခဲ့သလို ဝန်ကြီးချုပ် ရှင်ဇိုအာလေးလည်း တက်ရောက်ခဲ့ပါတယ်။

၎င်းအခမ်းအနားမှာတော့ ရှင်ဇိုအာဘေးဟာ ဂျပန်နိုင်ငံဟာ စစ်အတွင်းမှာ အဏုမြူဗုံးနဲ့ တိုက်ခိုက်ခံရတဲ့ တစ်ခုတည်းသောနိုင်ငံပါ ။ ဒါ့ကြောင့် ဂျပန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် ကင်းစင်တဲ့ကမ္ဘာကြီးဖြစ်အောင် ကြိုးပမ်းတဲ့နေရာမှာ ဇွဲလုံ့လရှိရှိနဲ့ ကြိုးစားဖို့လိုတယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ၎င်းဝန်ကြီးချုပ်ဟာ ဒီအချက်ဟာ ဂျပန်နိုင်ငံရဲ့ တစ်ခုတည်းသော mission ဖြစ်ပြီး နောက်အချိန်တွေဘယ်လောက်ကြာကြာလည်း ဒီမစ်ရှင်က လုံးဝပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

Source - Kyodonews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။