လက်ရှိ အာရှနိုင်ငံတွေမှာသာမက ကမ္ဘာ့နိုင်ငံအများအပြားမှာပါ လေးစားအားကျနေရတဲ့ မြန်မာ့ရိုးရာခြင်းခတ်ပညာကိုတော့ ပရိသတ်တွေလည်း လေးစားမိမယ်ထင်ပါတယ်။ သမိုင်းတလျောက်ခြင်းပညာရှင်များစွာပေါ်ထွန်းခဲ့ပြီး လက်ရှိ အာရှ Sea game တွေမှာလည်း ပါဝင်ဆော့ကစားလာကြတာတွေ့ရပါတယ်။ အဆိုပါ မြန်မာ့ရိုးရာခြင်းပညာကို ပြည်တွင်းပညာရှင်ကြီးတွေက ပြည်ပသို့ သွားရောက်လေ့ကျင့်သင်ကြားပေးလျှက်ရှိပြီး ကမ္ဘာအနှံ့ပြန့်နှံ့နိုင်ရန် ရည်ရွယ်လုပ်ဆောင်လျှက်ရှိကြောင်း သိရပါတယ်။   

မြန်မာ့ရိုးရာခြင်းပညာကို မြန်မာပြည်အနှံ့အပြားမှာဆော့ကစားလေ့ရှိပြီး Sea game ရွှေတံဆိပ်ဆုများစွာကိုလည်း ရယူပေးနိုင်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ ခြင်းပညာရှင်တွေထဲမှာ Sea game ရွှေတံဆိပ်ဆုရှင် စိုင်းဇော်ကိုလည်း ခြင်းလောကသားတိုင်းသိမယ်ထင်ပါတယ်။ ငယ်ရွယ်နုပျိုသူတစ်ဦးဖြစ်ပေမယ့် ပညာမငယ်တာကြောင့် ရွှေတံဆိပ်နဲ့အတူ မြန်မာ့ဂုဏ်ကိုဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ရွှေတံဆိပ်ဆုရှင်စိုင်းဇော်ရဲ့ ခြင်းပညာပြသမှုဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။   

အဆိုပါ ဗီဒီယိုဖိုင်လေးထဲမှာတော့ တကိုယ်တော်အမိုက်စားခတ်ပြခဲ့တဲ့ ခြင်းပညာတွေကိုတွေ့မြင်ရမှာဖြစ်ပြီး ခြင်းဝါသနာရှင်တွေအတွက် အထောက်အကူဖြစ်စေမှာအမှန်ပဲဖြစ်ပါတယ်။ နည်းစနစ်မှန်မှန်အနှေးအမြန်ပြသခဲ့တဲ့ Sea game ရွှေတံဆိပ်ဆုရှင် စိုင်းဇော်ရဲ့ အမိုက်စားခြင်းခတ်မှုဗီဒီယိဖိုင်လေးကို ချစ်ပရိသတ်တွေကြည့်ရှု့နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

video - Myanmar Traditional Chin Line 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။