ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ ပရီးမီးယားလိဒ်ပြိုင်ပွဲကြီးဟာမကြာခင်ရက်ပိုင်းအတွင်းစတင်တော့မှာဖြစ်ပါတယ်။ပြိုင်ပွဲစတင်ဖို့နီးကပ်လာတာနဲ့အမျှအသင်းတိုင်းဟာကစားသမားတွေခေါ်ယူပြီးအင်အားဖြည့်တင်းနေတာဖြစ်ပါတယ်။ဒီနှစ်ရာသီမှာတော့အသင်းတိုင်းဟာချန်ပီယံမျှော်လင့်ချက်တွေနဲ့ပြိုင်ဆိုင်နေကြတာဖြစ်ပါတယ်။

လူဝယ်ရာသီကလည်းနာရီပိုင်းလေးသာလိုတော့တာကြောင့်အသင်းတွေဟာခေါ်ယူမယ့်ကစားသမားတွေကိုအမြန်ခေါ်ယူဖို့ကြိုးစားနေတာပါ။မနှစ်ကရာသီမှာရလဒ်ဆိုးတွေကြုံတွေ့ခဲ့တာကြောင့်ဒီနှစ်ရာသီမှာပြောင်းလဲမှုတွေများကြီးလုပ်ထားတဲ့မန်ယူအသင်းကလည်း စပါးအသင်းကစားသမား အဲရစ်ဆင်ကိုခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပြီးသဘောတူညီမှုရပြီလို့သတင်းတွေထွက်ပေါ်နေတာပါ။

မန်ယူအသင်းဟာဒီနှစ်မှာလူငယ်ကစားသမားတွေကိုဈေးကြီးပေးဝယ်ထားတာဖြစ်ပါတယ်။အသင်းအတွက်လိုအပ်နေတဲ့တိုက်စစ်ကိုပံ့ပိုးပေးဖို့အဲရစ်ဆင်ကိုခေါ်ယူချင်နေတာဖြစ်ပါတယ်။အပြောင်းအရွေ့ကာလကလည်းပြီးဆုံးဖို့မကျန်တော့တာကြောင့်မန်ယူအသင်းခေါ်ယူနိုင်မလားဆိုတာကတော့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

Source:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။