ဗီယက်နမ်နိုင်ငံမှာကျင်းပနေတဲ့ အာစီယံယူ၁၈ပြိုင်ပွဲဝင်မြန်မာအသင်းကတော့ ဒီနေ့မှာတော့ဖိလစ်ပိုင်အသင်းနဲ့ဒုတိယမြောက်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။မြန်မာအသင်းဟာအဖွင့်ပွဲစဉ်မှာ လာအိုအသင်းကိုအနိုင်ရရှိထားတာဖြစ်ပြီးဖိလစ်ပိုင်အသင်းကတော့အဖွင့်ပွဲစဉ်မှာဂိုးပြတ်ရှုံးနိမ့်ထားတဲ့အသင်းဖြစ်ပါတယ်။

အုပ်စုအဆင့်ကိုကျော်ဖြတ်ဖို့ဆိုရင်မြန်မာအသင်းအနေနဲ့ ရှေ့ပွဲစဉ်တွေမှာအနိုင်ယူပြီးအမှတ်တွေရထားဖို့လိုအပ်နေတာဖြစ်ပါတယ်။မြန်မာအသင်းအနေတဲ့ ဒီအုပ်စုမှာ အဓိကယှဉ်ပြိုင်ရမှာတော့ အင်ဒိုနီးရှားအသင်းနဲ့တီမောအသင်းတို့ပဲဖြစ်ပါတယ်။တီမောအသင်းဟာခုနောက်ပိုင်းမှာအသင်းကြီးတွေကိုတောင်အနိုင်ယူတဲ့ခြေစွမ်းကောင်းတွေကိုပိုင်ဆိုင်ထားတာကြောင့်ခက်ခက်ခဲခဲကစားရဖို့ရှိနေတာပါ။

မြန်မာအသင်းဟာ ပြီးခဲ့တဲ့ လာအိုနဲ့ပွဲစဉ်မှာ ပရိသတ်တွေအကြိုက်ခြေစွမ်းပြခဲ့တာဖြစ်ပြီး အကောင်းဆုံးပုံစံမှာရှိနေတာပါ။ဒီနေ့ပွဲမှာလည်းဖိလစ်ပိုင်အသင်းကို အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ရင် ဂိုးပြတ်နိုင်ပွဲရရှိဖို့လွယ်ကူနေတာဖြစ်ပါတယ်။ပြိုင်ပွဲမှာအောင်မြင်မှုရဖို့အတွက်မြန်မာအသင်းဘယ်လိုအကောင်းဆုံးယှဉ်ပြိုင်မလဲဆိုတာကတော့စောင့်ကြည့်အားပေးကြပါဦးနော်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။