စပိန်အသင်းနဲ့ဘာစီလိုနာအသင်းရဲ့ကစားသမားဟောင်း ဇာဗီကတော့ခုမှာဘောလုံးလောကမှအနားယူပြီးနောက် နည်းပြလောကကိုခြေချနေပြီဖြစ်ပါတယ်။သူကတော့လက်ရှိမှာ ကာတာကလပ် All Sadd SC အသင်းကိုနည်းပြအဖြစ်ကိုင်တွယ်နေတာဖြစ်ပါတယ်။သူကတော့နည်းပြအဖြစ်ကိုင်တွယ်တဲ့ပထမပွဲစဉ်မှာပဲအငြင်းပွားစရာတွေနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

သူ့ရဲ့နည်းပြဘဝပထမဆုံးပွဲကိုတော့ ALL Duhail SC အသင်းနဲ့အာရှချန်ပီယံလိဒ်ပထမအကျော့အဖြစ်ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပါတယ်။ဒီပွဲစဉ်မှာတော့ပွဲကစားချိန်မိနစ်၉၀အထိတော့တစ်ဖက်တစ်ဂိုးနဲ့သရေကျနေခဲ့တာဖြစ်ပါတယ်။ပွဲကစားချိန်ပြည့်လို့အချိန်ပို၃မိနစ်မှာတော့ ALL Duhail SC အသင်းကစားသမားတစ်ဦးဟာ ပယ်နတီဧရိယာအတွင်းလက်ထိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်းဒိုင်လူကြီးကတော့ ပယ်နတီပေးဖို့အတွက်ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ကစားသမားတွေကလည်းဒိုင်လူကြီးကိုဇောတကတက်ခဲ့ပေမယ့် ဒိုင်ကတော့ပွဲကိုဆက်လက်ကစားခိုင်းခဲ့တာဖြစ်ပါတယ်။အဆိုပါလုပ်ရက်ကြောင့် ဇာဗီကဒေါသထွက်ပြီးရေသန့်ဗူးကိုကန်ခဲ့ရာ ဖိနပ်ပါကျွတ်သွားခဲ့ပြီးအရှက်တကွဲဖြစ်ခဲ့တာပါ။အဆိုပါဖြစ်ရပ်ကတော့ဇာဗီနည်းပြဘဝပထမအစမှာ အရှက်တကွဲဖြစ်ခဲ့ရပါတယ်။

Source:oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။