ဆွာရက်ဇ် ဟာ တစ်ချိန်တုန်းက လီဗာပူးအသင်းရဲ့ အဓိကကစားသမားတစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တစ်ယောက်ဖြစ်ခဲ့ပါတယ်။ စပိန်ကလပ် ဘာစီလိုနာအသင်းဆီကို (၂၀၁၄) ခုနှစ်မှာ ယူရို (၇၅) သန်း နဲ့ ပြောင်းရွေ့ သွားခဲ့ပါတယ်။ ဆွာရက်ဇ် ဟာ လီဗာပူးအသင်းမှာ ပွဲပေါင်း (၁၁၀) ကစားပေးခဲ့ပြီး (၆၉) ဂိုးသွင်းယူကာ အသင်းရဲ့ အရေးပါတဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။

ဆွာရက်ဇ် ဟာဘာစီလိုနာမှာလဲ အောင်မြင်မှုများစွာရရှိခဲ့ပြီး ကမ္ဘာကျော်MSNတိုက်စစ်အတွဲမှာ အဓိကနေရာက ပါဝင်ခဲ့သူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အသက်အရွယ်ကြီး မြင့်လာတာကြောင့် ခြေစွမ်းအနည်းငယ်ကျဆင်းနေတဲ့ ဆွာရက်ဇ် ဟာ ကစားသမားသစ်တွေဖြစ်ကြတဲ့ Ousmane Dembélé Antoine Griezmann တို့ကြောင့် မျက်ခုံးခပ်လှုပ်လှုပ်ဖြစ်နေခဲ့ပါတယ်။

ယနေ့မှာတော့ ဆွာရက်ဇ်တစ်ယောက် လေ့ကျင့်ရေးကွင်းမှာ အသက်ကြီးပေမယ့် ခြေစွမ်းမကျသေးကြောင်းသက်သေပြလိုက်ပြီး ကွင်းတစ်ဝက်လောက်ကနေ ဂိုးထဲဝင်အောင်ကန်ပြလိုက်ပါတယ်။ နာပိုလီအသင်နဲ့ မကစားမီ လေ့ကျင့်ရေးကွင်းမှာ ကန်ပြခဲ့တာဖြစ်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။

SOURCE: FC Barcelona 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။