ပြီးခဲ့တဲ့ရာသီမှာအမှားတွေများခဲ့ပြီးအောင်မြင်မှုတွေနဲ့ဝေးကွားနေတာကြောင့်ဒီနှစ်ရာသီမစခင်မှာတော့ပြောင်းလဲမှုတွေလုပ်နေတာဖြစ်ပါတယ်။ရီးရဲအသင်းကတော့ဒီနှစ်မှာကမ္ဘာကျော်ကစားသမားတွေကိုစံချိန်တင်ပြောင်းရွေ့ကြေးတွေနဲ့ခေါ်ယူနေတာဖြစ်ပါတယ်။ကစားသမားကောင်းတွေကိုတန်ကြေးမြင့်ခေါ်ယူနေပေမယ့်လည်းရီးရဲအသင်းကအကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ဖို့ခက်ခဲနေတုန်းပဲဖြစ်ပါတယ်။

ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ပရိသတ်တွေမျှော်လင့်နေတဲ့ ခြေစွမ်းတွေကိုမပြနိုင်တာကြောင့် ပရိသတ်တွေကြားမှာဝေဖန်မှုတွေရှိနေတာပါ။ဟာဇက်လိုကမ္ဘာကျော်ကစားသမားကို ခေါ်ယူထားပေမယ့် ရီးရဲအသင်းမှာအသင်းကစားတွေတွဲဖက်မညီပဲဖြစ်နေတာကြောင့်ခုမှာလည်းကစားသမားသစ်တွေခေါ်ယူဖို့ကြိုးစားနေရတာဖြစ်ပါတယ်။

ခုမှာလည်းရီးရဲအသင်းဟာ PSG အသင်းကထွက်ခွာဖို့ပြင်ဆင်နေတဲ့ နေမာကိုခေါ်ယူဖို့ကြိုးစားနေပြီဖြစ်ပါတယ်။နေမာကတော့ဘာစီလိုနာအသင်းကခေါ်ယူဖို့သတင်းတွေထွက်ခဲ့ပေမယ့် ခုမှာတော့ငြိမ်သက်နေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အသင်းအတွက်လိုအပ်နေတဲ့တိုက်စစ်နေရာအတွက်နေမာကိုခေါ်ယူချင်နေတာဖြစ်ပါတယ်။

Source:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။