အာဆင်နယ်အသင်းဟာ အပြောင်းအရွေ့ရာသီပြီးဆုံးဖို့မလိုတော့တဲ့အချိန်မှာ ချယ်လ်ဆီးနောက်ခံလူ ဒေးဗစ်လုဇ်ကိုခေါ်ယူဖို့သဘောတူညီခဲ့ပြီလို့သတင်းတွေထွက်ပေါ်လာပြီဖြစ်ပါတယ်။အဆိုပါချယ်လ်ဆီးနောက်ခံလူဒေးဗစ်လုဇ်ကတော့ချယ်လ်ဆီးအသင်းမှာကာလအတော်ကြာကစားခဲ့ပြီး အောင်မြင်မှုတွေဆွတ်ခူးနိုင်တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာဒေးဗစ်လုဇ်ကိုပြောင်းရွေ့ကြေး၈သန်းနဲ့တူတူ၂နှစ်စာချုပ်ချုပ်ဆိုတော့မှာဖြစ်ပါတယ်။ဒေးဗစ်လုဇ်ဟာချယ်လ်ဆီးအသင်းမှာပွဲပေါင်း၁၆၀ကျော်ကစားထားပြီး၁၁ဂိုးအထိသွင်းယူပေးခဲ့တာဖြစ်ပါတယ်။သူကတော့ခံစစ်အပြင်တိုက်စစ်ပါအားကိုးရတဲ့ကစားသမားဖြစ်တာကြောင့် အာဆင်နယ်အသင်းကတော့အကောင်းဆုံးခေါ်ယူမှုပဲဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာသူတို့ရဲ့အဓိကကစားသမားတွေထွက်ခွာသွားတာကြောင့်အသင်းကိုအကောင်းဆုံးလူတွေဝယ်ပြီးပြင်ဆင်မှုတွေလုပ်နေတာဖြစ်ပါတယ်။ပရီးမီးယားလိဒ်ရာသီဟာလည်းမကြာခင်ပြန်စတော့မှာဖြစ်တာကြောင့် ဒီနေ့အတွင်းဆေးစစ်မှုတွေလုပ်ပြီးစာချုပ်ချုပ်ဆိုဖို့ရှိနေတာဖြစ်ပါတယ်။

Source:BBC Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။