ဗုဒ္ဓဘာသာသို့ဝင်ရောက်လာတဲ့ နိုင်ငံခြားသားအရေအတွက်ကတော့ ယခုနောက်ပိုင်းမှာ ပိုမိုများပြားလာတာတွေ့ရပါတယ်။ အာရှနိုင်ငံအနှံ့ပြားကို လာရောက်ပြီး သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့သူတွေများစွာရှိနေပြီး ဗုဒ္ဓသားတော်တွေအဖြစ် အပြီးအပိုင်ဝတ်ဆင်သူတွေလည်း များစွာရှိနေတာတွေ့ရပါတယ်။ နိုင်ငံခြားသား ဗုဒ္ဓဘာသာဝတ်ဆင်သူတွေအများစုကတော့ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတွေမှာ လာရောက်ဝတ်ဆင်ကြပြီး အခြားအခြားအာရှနိုင်ငံတွေမှာလည်း ဝတ်ဆင်နေသူတွေရှိနေကြောင်း သိရပါတယ်။  

အဆိုပါ နိုင်ငံခြားသားအများစုကတော့ ဗုဒ္ဓရဲ့ အထွဋ်အမြတ်ထားရာ သာသနာ့ဘောင်သို့ဝင်ရောက်လေ့ရှိပြီး တရားထိုင်နည်းတွေနဲ့အတူ စိတ်ရဲ့ ထွက်ပေါက်ဖြစ်တဲ့ တရားအားထုတ်မှု ဗုဒ္ဓစာပေတွေကို လေ့လာသူတွေလည်းများစွာရှိလာပါတယ်။ နိုင်ငံအနှံ့ သာသနာဖြန့်ဆရာတော်ကြီးတွေရဲ့ ကြိုးစားမှုကြောင့် ယခုနောက်ပိုင်း အနောက်ဥရောပနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံအချို့မှာလည်း ဗုဒ္ဓဘာသာကိုးကွယ်သူများစွာရှိနေကြောင်း သိရပါတယ်။  

လေးစားစရာကောင်းပြိး ကြည်ညိုစရာအမှုအကျင့်တွေနဲ့ နေထိုင်လျှက်ရှိတဲ့ နိုင်ငံခြားသားဗုဒ္ဓသားတော်များရဲ့ လှုပ်ရှားမှုဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်အချို့ကတော့ ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိပါတယ်။ အဆိုပါ ပုံရိပ်တွေထဲက ကြည်ညိုစရာ ဆရာတော်များရဲ့ ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေ ဖူးမျှော်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

PHOTOS - THE LAND OF BUDDHA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။