ဘယ်လိုအဖေမျိုးက တော်ရုံ ကိုယ့်သမီးလည်ပင်း ဓားနဲ့လှီးရက်မှာလဲ။ ဒါပေမယ့် ဒီထိုင်းအမျိုးသားကတော့ စိတ်အရမ်းတိုပြီး သူ့ရဲ့သမီးဖြစ်သူကို သေစေလောက်တဲ့ထိအပြစ်ပေးခဲ့တာဖြစ်ပါတယ်။ အကြောင်းရင်းကတော့ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်ကြောင့်ပဲဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံ၊ Phetchaburi’s Muang အရပ်မှာနေထိုင်တဲ့ အသက်၄၁နှစ်အရွယ်ရှိ Joi (အမည်လွှဲ) အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ၁၃နှစ်အရွယ်သမီးရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး တိုက်ခန်းထဲမှာ ပိတ်ထားမှုဖြစ်ပွားခဲ့ပါတယ်။ အကြောင်းကတော့ သမီးဖြစ်သူဟာ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်ကို အလွန်အကျွံသုံးစွဲတာကြောင့်ပဲဖြစ်ပါတယ်။

Joiဟာ Prachuap Khiri Khan’s Thap Sakae အရပ်မှာပဲ သမီးငယ်ဖြစ်သူနဲ့အတူ ထွက်ပြေးဖို့ကြိုးစားရင်းအဖမ်းခံခဲ့ရပါတယ်။ မိခင်ဖြစ်သူကတော့ Joiဟာ သမီးဖြစ်သူ လူမှုကွန်ယက်ပေါ်အချိန်ကုန်နေတာကို မကြိုက်မနှစ်သက်သူဖြစ်ပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုကြောင့် ဒီလိုလုပ်ရတာလားဆိုတဲ့အမေးကို ငြင်းဆန်ခဲ့ပါတယ်။

Source : viral4real

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။