လက်ရှိ အဆက်မပျက်ရွာသွန်းနေတဲ့ မိုးရေတွေကြောင့် ရန်ကုန်တိုင်းဒေသကြီးနဲ့အတူ တိုင်းဒေသကြီးအနှံ့အပြားမှာ ရေကြီးနစ်မြုပ်မှုတွေဖြစ်ပွားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ မိုးရွာသွန်းမှုတွေကြောင့် နေအိမ်အဆောက်အဦးများ ရေနစ်မြုပ်ခြင်း၊ စာသင်ကျောင်းရေနစ်မြုပ်မှုတွေနဲ့အတူ လမ်းပမ်းဆက်သွယ်ရေး ရေကြီးမှုတွေနဲ့အတူ ဆေးရုံတွေလည်း နစ်မြုပ်မှုတွေဖြစ်ပေါ်လျှက်ရှိကြောင်း သိရပါတယ်။    

ရေကြီးမှုကြောင့် နေအိမ်စွန့်ခွာသူတွေများစွာရှိနေပြီး ရေဘေးသင့်စခန်းများစွာကိုလည်းနေရာအနှံ့အပြားမှာ ဖွင့်လှစ်ထားနေရကြောင်း သိရပါတယ်။ လက်ရှိ ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေတာကြောင့် ဒေသခံပြည်သူ ၇၈၀၀ကျော်ကတော့ ရေဘေးရှောင်စခန်းတွေကို သွားရောက်လျှက်ရှိနေကြောင်း သိရပါတယ်။  

လက်ရှိ ရေဘေးရှောင်စခန်း ၄၀ အထိဖွင့်လှစ်ထားပြီး အဆိုပါ ရေဘေးသင့်ပြည်သူတွေကို ခုံလှုံခွင့်ပြုထားကြောင်း သိရပါတယ်။ ပြည်တွင်း ဘီးလင်းမြစ်ရေ ကြီးမှုကြောင့် ရွေ့ပြောင်းနေရတဲ့ ဒေသအချို့ရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေ သိရှိနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

PHOTOS - မာံသုခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။