ဒီကနေ့ သြဂုတ်လ ၈ ရက်နေ့မှာတော့ ထိုင်ဝမ်းကျွန်း မှာ ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်။

၎င်းငလျင်ကတော့ ထိုင်ဝမ်းကျွန်း အရှေ့မြောက်ဘက် ကမ်းရိုးတန်းကို ဗဟိုပြုလှုပ်ခတ် သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၎င်းငလျင်ရဲ့ ပြင်းအားကတော့ ရစ်ချ်တာစကေး ၆ ရှိပြီး လှုပ်ခတ်မှုကြောင့် အဆောက်အဦးတွေ လှုပ်ယမ်းခဲ့သလို သစ်ပင်တွေလည်း ယိမ်းယိုင်ခဲ့ပါတယ်။

ဒါ့အပြင် နေအိမ် ၂၀၀၀ လောက်မှာလည်း လျှပ်စစ်မီးတွေ ပြတ်တောက်ကုန်တယ်လို့ သိရပါတယ်။

လတ်တလောသတင်းများအရတော့ သေဆုံးသူ အမျိုးသမီးတစ်ဦး ရှိနေပြီလို့သိရသလို ၎င်းအမျိုးသမီးဟာ စင်တခုအောက်မှာ ပိတ်မိပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယခုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ကြီးကြီးမားမား ပျက်ဆီးဆုံးရှုံးတာမျိုးတော့ လက်ရှိအချိန်ထိ မသိရသေးဘူးလို့ သိရပါတယ်။

Source – Taiwan News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။