Tysen Benz အမည်ရ အသက်၁၁နှစ်အရွယ်ရှိကောင်လေးဟာ သူ့ရဲ့ချစ်သူဖြစ်သူ ၁၃နှစ်အရွယ်ကောင်မလေး သေဆုံးသွားပြီဆိုတာကို သိပြီးနောက် သူ့ကိုယ်သူသတ်သေဖို့ကြိုးစားခဲ့ပါတယ်။

တကယ်တော့ သူ့ချစ်သူကောင်မလေးဟာ ဘေးသူငယ်ချင်းတွေနဲ့ပေါင်းပြီး သူ့ကိုစခဲ့တာဖြစ်ပါတယ်။ လူမှုကွန်ယက်မှာကော၊ ကျောင်းမှာပါ သူငယ်ချင်းတွေရဲ့အကူအညီနဲ့ Tysenကို သူသေဆုံးသွားပြီလို့ယုံအောင် လှည့်စားထားနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ သူချစ်တဲ့သူ လောကကြီးမှာမရှိတော့ဘူးလို့ ယုံကြည်သွားတဲ့ Tysenဟာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ Tysenရဲ့မိခင်ဟာ Tysenကိုတွေ့တဲ့အချိန်မှာတော့ အချိန်မမှီတော့ပါဘူး။ အဓိပ္ပါယ်​မရှိတဲ့စနောက်မှုကြောင့် သေဆုံးခဲ့ရတဲ့သားဖြစ်သူအတွက် Tysenရဲ့မိခင်ဟာ အမည်မဖော်တဲ့ ၁၃နှစ်အရွယ်ကောင်မလေးကို တရားစွဲဆိုဖို့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source : viral4real

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။