Wang Anna လို့ခေါ်တဲ့ ကလေးမလေးကတော့ တရုတ်နိုင်ငံ Zunyi မြို့မှာ အဖွားနှစ်ယောက်နဲ့အတူ နေထို်င်တဲ့ ကလေးမလေးတစ်ဦးပဲဖြစ်ပါတယ်။

ဒီကလေးမလေးကတော့ အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ လောကဓံရဲ့ရိုက်ခတ်မှုဒဏ်တွေကို ခံနေရသူလေးတစ်ဦးဖြစ်ပြီး မိဘတွေရဲ့စွန့်ပစ်မှုကိုလည်း ခံခဲ့ရသူလေးတစ်ဦးပဲဖြစ်ပါတယ်။

သို့ပေမယ့် ဒီကလေးမလေးဟာ လောကဓံကိုအရှုံးမပေးခဲ့ဘဲ အတူရှိနေတဲ့ အသက် ၉၀ ကျော်အဘွားနှစ်ယောက်ကို ပြုစုကာ အလုပ်အကျွေးပြုနေသူလေးတစ်ဦးပဲဖြစ်ပါတယ်။

သူမရဲ့ အဖေက သူမ (၃)လသားအရွယ်ကထဲက ထောင်ကျနေတာဖြစ်ပြီး အမေလုပ်သူကလည်း ကလေးကို အဖွားဖြစ်သူတွေနဲ့ ထားခဲ့ကာ နောက်အိမ်ထောင်ပြုသွားခဲ့တယ်လို့ သိရပါတယ်။

ဒီကလေးမလေးဟာ အသက်အရွယ် နဲ့ မလိုက်အောင် လောကဓံရဲ့ရိုက်ခတ်မှုဒဏ်ခံစားရပေမယ့် ကလေးပီပီ ဂျီကျခြင်းမရှိဘဲ ရောက်ရာအရပ်မှာ ပျော်အောင် နေတတ်သူလေးလည်းဖြစ်ပါတယ်။

ဒါ့အပြင် သူမဟာ မနက်စောစောထပြီး မနက်စာပြင်ဆင်လေ့ရှိသလို ညတိုင်းလိုလို အဖွားဖြစ်သူတွေစားဖို့ ထမင်းခူးခပ်ကျွေးမွေးပြီး အဝတ်အစားတွေလည်း လျှော်ဖွပ်ပေးတယ်လို့ သိရပါတယ်။

အိမ်နီးနားချင်းတွေကတော့ သူမရဲ့ ဘဝကို သနားနေကြပြီး အားလုံးက ဝိုင်းဝန်းချစ်ခင်စောင့်ရှောက်ကြပါတယ်။

ဒီကလေးမလေးရဲ့ အကြောင်းကိုတော့ တရုတ်နိုင်ငံက သတင်းထောက်တစ်ဦးက ကြားသိလို့ သူမနေထိုင်ရာအိမ်လေးဆီကို သွားရင်း သူမအကြောင်းကို ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။

အမြဲလိုလိုပြုံးနေတတ်တဲ့ အဲ့ဒီကလေးမလေးလို စိတ်ဓာတ်မျိုး လူတိုင်းမှာ ရှိမယ်ဆိုရင် ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလိမ့်မလဲနော် ပရိသတ်ကြီး။

Source - Stomp

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။