အာစီယံယူ၁ဂပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာအသင်းဟာဒီနေ့မှာဒုတိယပွဲစဉ်အဖြစ်ဖိလစ်ပိုင်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ပွဲမစခင်မိုးတွေရွာထားခဲ့တာမို့အကောင်းဆုံးကစားခဲ့ပြီး ပွဲအပြီးမှာ(၄-၁)နဲ့ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ဒီပွဲအနိုင်ကြောင့်မြန်မာအသင်းဟာ၂ပွဲဆက်အနိုင်ရပြီးအုပ်စုတက်ဖို့အခြေအနေကောင်းသွားခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာပထမလာအိုနဲ့အနိုင်ရတဲ့လူစာရင်းကို အနည်းငယ်သာအပြောင်းအလဲလုပ်ကစားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မြန်မာအသင်းဟာပွဲစတယ်ဆိုတာနဲ့အကောင်းဆုံးတိုက်စစ်တွေကိုပြသနိုင်ခဲ့ပြီးပွဲကစားချိန်၁၀မိနစ်မှကတည်းကအဖွင့်ဂိုးရခဲ့တာဖြစ်ပါတယ်။အဖွင့်ဂိုးရခဲ့ပေမယ့်လည်းကစားအားကိုလျော့မချပဲအကောင်းဆုံးကစားခဲ့ပြီးပထမပိုင်းပွဲပြီးဆုံးဖို့အချိန်ပိုမှာတစ်ဂိုးသွင်းယူခဲ့ကာ(၂-ဝ)နဲ့ပထမပိုင်းအပြီးမှာဦးဆောင်နေခဲ့ပါတယ်။

မြန်မာအသင်းဟာဒုတိယပိုင်းမှာလည်းအကောင်းဆုံးဖိလစ်ပိုင်အသင်းကိုဖိအားပေးကစားခဲ့ပြီးဂိုးတွေရရှိခဲ့ပါတယ်။ပွဲကစားချိန်၅၄မိနစ်မှာဦးဆောင်ဂိုးတစ်ဂိုးထပ်ရခဲ့ပြီး၇၁မိနစ်မှာလည်းအကောင်းဆုံးကစားရင်းဂိုးတစ်ဂိုးထပ်ရခဲ့ပါတယ်။ဖိလစ်ပိုင်အသင်းအတွက်တစ်လုံးတည်းသောခြေပဂိုးကိုတော့မိနစ်၉ဝပြည့်လို့အချိန်ပိုမှာသွင်းယူပေးခဲ့တာပါ။မြန်မာအသင်းဟာအုပ်စုတတိယပွဲစဉ်အဖြစ်တီမောအသင်းနဲ့ကစားရမှာဖြစ်ပြီးအနိုင်ရခဲ့ပါကအုပ်စုတက်ဖို့သေချာသွားမှာဖြစ်ပါတယ်။

Source:MFF

photo:Ko Ye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။