ရုတ်တရက်ကြည့်ရင်တော့ဖြစ်နိုင်မယ်မထင်ပါဘူး ။ ဒါပေမယ့် ဒီအဖြစ်အပျက်က တကယ်ဖြစ်ခဲ့ပါတယ် ။

ငွေမရှိအိမ်ကလဲပြန်မှဖြစ်မယ့်အခြေအနေမှာရွေးချယ်စရာရှိပုံမပေါ်တော့ပါဘူး ။ အဲဒီလူဟာ

မန်းလေး အမြန်လမ်းအတိုင်းလမ်းလျှောက်ဆင်းလာခဲ့ပါတယ် ။ ဘေးဘီဝဲယာက ကားတွေရှိပေမယ့်လဲ

လမ်းကြုံ ဘယ်သူမှမတင်ချင်တာမို့ တစ်ရက်နဲ့တစ်ညတိတိလမ်းလျှောက်ခဲ့ရပြီးမှ ကူညီမယ့်သူနဲ့ဆုံတာပါ ။

ကူညီခဲ့သူကသူ့အတွေ့အကြုံကို ရင်နာနာနဲ့အောက်ပါအတိုင်းရင်ဖွင့်ခဲ့ပါတယ် ။

မေတ္တာတရား သေဆုံးခဲ့ပြီလား မြန်မာပြည် ဒီနေ့ ညနေ ၆ နာရီလောက်မှာ ရန်ကုန် မန်းလေး အမြန်လမ်း မိုင်တိုင် ၂၉၉မှာ လူတစ်ယောက် ဖိနပ်မပါပဲ လမ်းလျှောက်လာတယ် တွေ့တွေ့ချင်း ကားကို ရပ်လိုက်ပေမဲ့ အရှိန်များနေတဲ့ကား လုံးဝရပ်သွားချိန်မှာတော့ လူက ခပ်သေးသေးပဲမြင်ရတော့တယ် ဒါနဲ့ကားကို နောက်ပြန်ဆုတ် ပြီး မေးမိတဲ့အချိန်မှာတော့ ကြေကွဲစရာ ဇာတ်လမ်းအဲ့ဒီမှာစတယ်

သူက မလိုင်သား ပညာမတက် ပိုက်ဆံမရှိတော့ ပန်ရံ အလုပ်ကိုလုပ်တယ် မန်းလေးမြို့မှာ စရိတ်ငြိမ်း လစာကောင်းကောင်းပေးမယ်ဆိုပြီး မန်းလေးမှာ ပန်ရံ လာလုပ်တယ် တကယ်တန်း ကျ စရိတ်မငြိမ်ပဲ နေ့တွက် ၂၅၀၀ ကျပ်ပဲရတယ် သူစားဖို့တောင် အဆင်မပြေ ပေမဲ့ ရတဲ့ပိုက်ဆံကို မိဘအိုတွေဆီလှမ်းပို့ပေးနေတယ် ဒီအလုပ်မှာ လုံးဝ ရပ်တည်ဖို့ အဆင်မပြေလာတော့ အိမ်ပြန်လာတယ် ပိုက်ဆံ မရှိ ရန်ကုန် မန်းလေး အမြန်လမ်း အတိုင်း လမ်းလျှောက်လာ တယ် တစ်ညနဲ့ တစ်ရက် ကျွန်တော်တို့နဲ့တွေ့တယ် လူကောင်းဆိုတာ သေချာတာနဲ့ ကားပေါ်တင်လာပြီး မိတ္ထိလာအထိခေါ်လာပြီး မလိုင်ကား လမ်းပေါ်ချပေးခဲ့တယ် မိတ္ထိလာ မလိုင်ကားခ ၁ဝဝဝပဲကျတယ်ဆိုတော့ ကျွန်တော့ ဆရာသမားနဲ့ကျွန်တော် ပိုက်ဆံ ၅ဝဝဝနဲ့ ဖိနပ်တစ်ရံလှူလိုက်တယ် ပြောချင်တာက အမြန်လမ်းပေါ်မှာ နေ့စဉ် ကားပေါင်း ထောင်ချီဖြတ်တယ် အဲ့ကားတွေ မှောက်သေကုန်ပြီလား ကမာ့္ဘအလှူအတန်း အများဆုံး ပထမရတဲ့ မြန်မာပြည်မှာ ကားတွေတဝီဝီ သွားနေတဲ့ လမ်းပေါ် လူတစ်ယောက် တစ်ည တစ်ရက် လမ်းလျှောက်ရတယ်ဆိုတော့ တကယ် မဖြစ်သင့်ဘူး ဗျာ

Source : Aung Ye Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။