မန်စီးတီးအသင်းမှာခြေစွမ်းတွေတောက်လျောက်ပြနေပြီး အောင်မြင်မှုတွေဆွတ်ခူးပေးနိုင်တဲ့လူငယ်ကစားသမားဆာနေးကတော့ ကာလအတော်ကြာအနားယူရဖို့ရှိနေတာဖြစ်ပါတယ်။ဆာနေးကတော့ပြီးခဲ့တဲ့ လီပါပူးအသင်းနဲ့ကွန်မြူနဒီဒိုင်းပြိုင်ပွဲမှာ ပွဲကစားချိန်၁၃မိနစ်ကတည်းက ဒဏ်ရာကြောင့်လူစားလဲခဲ့ရတာဖြစ်ပါတယ်။

ခုမှာတော့ဆေးစစ်ချက်တွေအရ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အချိန်တော်ကြာအနားယူဖို့လိုအပ်နေတာဖြစ်ပါတယ်။ဒါကြောင့်ဆာနေးဟာ ပရီးမီးယားလိဒ်ရဲ့ရာသီစပွဲတွေကိုလွဲချော်ရတော့မယ့်အပြင်အရေးကြီးတဲ့ပွဲစဉ်တွေကိုလည်းလွဲချော်ရတော့မှာဖြစ်ပါတယ်။ကစားလို့ရမယ့်အချိန်ကိုအတိကျမပြောနိုင်သေးတာကြောင့်ဆာနေးအနေနဲ့အနားယူဖို့လိုအပ်နေတာဖြစ်ပါတယ်။

ဆာနေးဒဏ်ရာရခဲ့တာကြောင့်မန်စီးတီးအသင်းကတော့အသင်းရဲ့အရေးပါတဲ့ကစားသမားတစ်ယောက်ကိုဆုံးရှုံးရခဲ့တာ့ဖြစ်ပါတယ်။ဆာနေးဟာမန်စီးတီးအသင်းရဲ့တိုက်စစ်ကိုဖန်တီးရာမှာအကောင်းဆုံးပံ့ပိုးမှုတွေလုပ်ပေးနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဒီနှစ်မှာအသင်းတိုင်းကပြင်ဆင်မှုတွေနဲ့ပြုလုပ်ထားတာကြောင့်မန်စီးတီးအသင်းအနေနဲ့အသင်းတိုင်းကိုခက်ခက်ခဲခဲရင်ဆိုင်ဖို့ရှိနေတာပါ။

Photo:Google


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။