ဒဏ်ရာကြောင့်ဘာစီလိုနာအသင်းရဲ့ခြေစမ်းပွဲတွေကို လွဲချော်နေရတဲ့ ကမ္ဘာကျော်ကစားသမားမက်ဆီကတော့ခုမှာ အသေးစားလေ့ကျင့်ခန်းတွေကိုလုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။မက်ဆီဟာ နားရက်ပြည့်လိုအသင်းနဲ့ပထမဆုံးပူးပေါင်းပြီးလေ့ကျင့်ခန်းဆင်းတဲ့ရက်မှာတင် ဒဏ်ရာရခဲ့တာဖြစ်ပြီးအသင်းခြေစမ်းပွဲတွေလွဲချော်နေရတာပါ။

သူ့ရဲ့ဒဏ်ရာကြောင့်ခြေစမ်းပွဲတွေအပြင်ရာသီအစအဖွင့်ပွဲကိုပါလွဲချော်ရဖွယ်ရှိနေတာဖြစ်ပါတယ်။နိုင်ငံအသင်းနဲ့တူတူကိုပါအမေရိကပြိုင်ပွဲပြီးကတည်းကဘောလုံးနဲ့ဝေးကွာနေတဲ့မက်ဆီကတော့မြက်ခင်းစိမ်းတွေပေါ်မှာအမြန်ဆုံးကစားချင်နေတာဖြစ်တာကြောင့် လေ့ကျင့်ခန်းတွေကိုကြိုးစားလုပ်နေတာပါ။ပရိသတ်တွေကလည်းမက်ဆီရဲ့လေ့ကျင့်မှုတွေကိုဂုဏ်ပြုအားပေးနေတာဖြစ်ပါတယ်။

မက်ဆီဟာဘာစီလိုနာအသင်းမှာအရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးအသင်းအတွက်အောင်မြင်မှုတွေကိုယူပေးနိုင်တာဖြစ်ပါတယ်။ဒါကြောင့်သူတို့အဓိကကစားသမားကိုမဆုံးရှုံးစေဖို့အနားယူခိုင်းပြီး အပေါ့စားလေ့ကျင့်ခန်းလောက်တာလုပ်စေတာဖြစ်ပါတယ်။ပရိသတ်တွေလည်းမက်ဆီရဲ့အပေါ့စားလေ့ကျင့်ခန်းတွေလုပ်နေတဲ့ video လေးကိုကြည့်ပြီးအားပေးကြပါဦးနော်။

SOURCE:

FC Barcelona

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။