မြန်မာနေရှင်နယ်လိဒ်ပြိုင်ပွဲကြီးကတော့ ပွဲစဉ်တွေပြီးဆုံးဖို့နီးကပ်လာတာနဲ့အမျှ ပြိုင်ဆိုင်မှုကပြင်းထန်လာတာဖြစ်ပါတယ်။လက်ရှိမြန်မာနေရှင်နယ်လိဒ်အမှတ်ပေးဇယားကိုတော့ ရန်ကုန်ယူနိုက်တက်အသင်းက ၃၈မှတ်နဲ့ဦးဆောင်နေတာဖြစ်ပြီး ရှမ်းယူနိုက်တက်၊ဧရာဝတီယူနိုက်တက်တို့က၃၇မှတ်တစ်မှတ်အကွာနဲ့ဒုတိယ၊တတိယနေရာတွေမှာရပ်တည်နေတာဖြစ်ပါတယ်။

ဒီတစ်ပတ်မှာတော့ ပရိသတ်တွေစိတ်အဝင်စားဆုံးလို့ပြောရမယ့် ဧရာဝတီယူနိုက်တက်အသင်းနဲ့ရန်ကုန်ယူနိုက်တက်အသင်းတို့ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပါတယ်။ဒီပွဲကိုတော့ဧရာဝတီယူနိုက်တက်အသင်းအိမ်ကွင်းမှာယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ချန်ပီယံဆုကာကွယ်ဖို့ဆို ရန်ကုန်ယူနိုက်တက်အသင်းကအမှားခံလို့မရသလို ဧရာဝတီယူနိုက်တက်အသင်းကလည်း ချန်ပီယံဆုအတွက်ဆိုအနိုင်ရဖို့လိုအပ်နေတာကြောင့် ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာတော့မှာပါ။

တစ်ဖက်မှာလည်း အပြိုင်ဖြစ်နေတဲ့ရှမ်းယူနိုက်တက်အသင်းကဇွဲကပင်အသင်နဲ့တွေ့ဆုံမှာဖြစ်တာကြောင့်ဒီနှစ်သင်းလုံးအနေနဲ့ ချန်ပီယံဆုတွေအတွက် အမှားခံလို့မရတော့တာဖြစ်ပါတယ်။ဧရာဝတီအသင်းကလည်း အိမ်ကွင်းပွဲစဉ်တိုင်းမှာ အကောင်းဆုံးပုံစံတွေနဲ့နိုင်ပွဲတွေရရှိနေတာကြောင့်ချန်ပီယံဆုကာကွယ်ဖို့ဆို ရန်ကုန်အသင်းဘယ်လိုခြေစွမ်းတွေနဲ့ရင်ဆိုင်မလဲဆိုတာကတော့စိတ်ဝင်စားဖွယ်ကောင်းနေပြီဖြစ်ပါတယ်။

Source:Myanmar National League

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။