သြဂုတ်လ ၂ ရက်နေ့ မကြာသေးမီကထိုးသတ်ခဲ့တဲ့ WLC KING OF NINE LIMBS ပြိုင်ပွဲကြီးကတော့ ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ ပြိုင်ပွဲတစ်ပွဲလည်း ဖြစ်ခဲ့မယ်ထင်ပါတယ်။ အမေရိကန်နိုင်ငံသား UFC ဖိုက်တာတစ်ဦးဖြစ်တဲ့ Seth Baczynski ကို မြန်မာ့လက်ဝှေ့နည်းအတိုင်း မန္တလေးမြို့မှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အမိုက်စားတိုက်ကွက်တွေနဲ့ ပရိသတ်တွေ သဘောကျလောက်အောင် ထိုးသတ်ပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။   

အမေရိကန်နိုင်ငံသား UFC ဖိုက်တာတစ်ဦးဖြစ်တဲ့ Seth Baczynski ကို အလဲထိုးနိုင်ခဲ့ပြီး ရရှိလာတဲ့ ငွေကြေးတွေထဲက အချို့ကို မိဘမဲ့နေရာတွေကို သွားရောက်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။ အဆိုပါ လှူဒါန်းမှုနဲ့ပတ်သက်ပြီးဒေဝကတော့ " ပျော်စရာနေ့လေးတစ်နေ့ပါ။ကျွန်တော်နဲ့ကျွန်တော့်အမျိုးသမီးအီရီနာနဲ့ကျွန်တော့်မိတ်ဆွေလေးတွေရှိတဲ့ NAC ကိုသွားလည်ခဲ့ပါတယ်။မိဘမရှိတော့တဲ့သူတို့လေးတွေအတွက်ကျွန်တော်တို့နှလုံးသားမှာနေရာတစ်ခုရှိနေပါတယ်။၂၀၁၆တုန်းကကျွန်တော်တစ်ခေါက်ရောက်ခဲ့သေးတယ်။သူတို့အရွယ်ရောက်လာတာအရမ်းမြန်တာပဲ။ကျွန်တော်တို့သူတို့အတွက်စားစရာတွေ၊သကြားလုံးတွေ၊အရုပ်တွေယူသွားပြီးပိုက်ဆံလည်းလှူခဲ့ပါတယ်။ဒါပေမဲ့သူတို့အကြိုက်ဆုံးကစားစရာက ရွက်ဖျင်တဲလေးတွေဖြစ်နေတယ်။အထဲဝင်ပြီးကစားကြတာဗြောင်းကိုဆန်နေရောပဲ။ကောင်လေးတွေကိုကျွန်တော့ထိုးကွင်းတွေပြတော့သူတို့သဘောကျကြတယ်ဗျ။သူတို့ကလက်ဝှေ့သင်ခိုင်းလို့လက်ဝှေ့ရေးပြတာသင်ပေးခဲ့သေးတယ်။ကျွန်တော်သူတို့ကိုအရမ်းချစ်တာပဲ။" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။  

အဆိုပါ အလှူအတွက် ဒေဝကတော့ ကုန်ကျမှုတွေကိုပေးရုံသာမက ကိုယ်တိုင်လုပ်အားဖြင့်ဝင်ရောက်ကူညီပေးခဲ့ကြောင်း သိရပါတယ်။ ဒါအပြင် လက်ဝှေ့ဝါသနာရှင်ကလေးတွေနဲ့အတူ လက်ဝှေ့ကစားပြခြင်းတွေကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ လေးစားစရာကောင်းတဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝတို့ ဇနီးမောင်နှံ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

photos - Dave 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။