မိုးရွာသွန်းမှုပြင်းထန်လာတာကြောင့် ရေကြီးမှုတွေနဲ့အတူ မြေပြိုမှုတွေကလည်း နေရာအနှံ့အပြားမှာတွေ့ရပါတယ်။ မြေပြိုကျမှုကြောင့် သေဆုံး/ဒဏ်ရာရရှိခဲ့သောလူစာရင်းများ၊ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော လူနေအိမ်များ၊ မော်တော်ယာဉ်စာရင်းများအား အမြန်ဆုံးစာရင်းပြုစုကာ အချိန်နှင့်တပြေးညီသတင်း ပေးပို့ဆောင်ရွက်သွားရေး ဆောင်ရွက်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက မှာကြားထားကြောင်း အဆိုပါ ပြည်နယ် အစိုးရ အဖွဲ့ ထံက သိရပါတယ်။ 

လက်ရှိအချိန်ထိ မြေပြိုကျမှုကြောင့် သေဆုံးသူဦးရေမှာ ကျား(၅)ဦး၊ မ(၅)ဦး ဖြစ်ပြီး ဒဏ်ရာရလူနာ(၂၇)ဦးစာ ရင်း ကောက်ယူရရှိထားပြီး လမ်းရှင်းလင်းရေးအတွက် အနီးဆုံးမှရောက်ရှိလာပြီဖြစ်သော မြေတူးစက်(Backhoe-၃စီး)+(Dozer-၂စီး)ဖြင့် ဖယ်ရှားရှင်းလင်းလျက်ရှိကာ ထပ်မံရောက်ရှိလာမည့်မြေတူးစက်များဖြင့် ဖယ်ရှားရှင်းလင်းမည်ဆိုပါက ညနေပိုင်း ၄ နာရီ အချိန်ခန့်တွင် မော်လမြိုင် - ရန်ကုန် လမ်းမကြီးကို ပုံမှန်အတိုင်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရ က ခန့်မှန်းထားပါတယ်။ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇွ နှင့် တာဝန်ရှိသူ များသည် မော်လမြိုင်မြို့၊ရပ်ကွက်များရှိလူနေအိ မ်များ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်မှုကြောင့် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ကာ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတုံ့ပြန်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုကာ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်း သိရပါတယ်။ 

ထို့နောက် မော်လမြိုင် - ရန်ကုန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၈၄/၅နှင့် ၁၈၄/ ၆အကြား ပေါင်မြို့နယ်၊ မုတ္တမ သဲဖြူကုန်းကျေးရွာအုပ်စု၊ မလတ်တောင်ပြိုကျကာ လမ်းပိတ်ဆို့မှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးကာ ပြည်နယ်အတွင်းရှိ မြေတူးစက်(Backhoe/ Dozer)များအားစုစည်းကာ နေ့ချင်းပြီး အမြန်ဆုံးဖယ်ရှားရှင်းလင်းဆောင်ရွက်သွားရန်ပြောပြခဲ့ပါတယ်။ ဒါအပြင် မြေပြိုကျမှုကြောင့် သေဆုံး/ဒဏ်ရာရရှိခဲ့သောလူစာရင်းများ၊ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော လူနေအိမ်များ၊ မော်တော်ယာဉ်စာရင်းများအား အမြန်ဆုံးစာရင်းပြုစုကာ အချိန်နှင့်တပြေးညီသတင်းပေးပို့ဆောင်ရွက်သွား ရေးလမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။

source - Pyi Myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။