ကာဂျစ္စတန် သမ္မတ ဟောင်း အေတမ်ဘေယက်ဗ်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေထံ လက်နက်ချ အညံခံခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။

သူအညံ့ခံခဲ့တာကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ကဖြစ်သလို သူ့ရဲ့နေအိမ်မှာ လက်နက်ချ အညံ့ခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အေတမ်ဘေယက်ဗ်ဟာ အကျင့်ပျက်ချစားတယ်ဆိုတဲ့ စွဲချက်တွေနဲ့ စွဲချက်တင်ခံထားရတာဖြစ်သလို လက်ရှိသမ္မတ ကလည်း သူ့ကို အရင်တုန်းက စုံစမ်းစစ်ဆေးမှုတခုမှာ မျက်မြင်သက်သအနေနဲ့ စစ်ဆေးမေးမြန်းလိုတာကြောင့် အလိုရှိနေတာပဲဖြစ်ပါတယ်။

သို့ပေမယ့် အေတမ်လေယက်ဗ်က လက်ခံခဲ့ခြင်းမရှိပါဘူး။

ယခုသူ့အိမ်ထဲ ဝင်ရောက်ဖမ်းဆီးတဲ့အခါမှာဆိုရင်လည်း သူ့ရဲ့တပ်ဖွဲ့ဝင်တွေက ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် အထူးကွန်မန်ဒိုတပ်သားတစ်ယောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Source - Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။