၄၅ရက်တစ်ခါအရေခွံလဲရတဲ့ သူမရဲ့ဘဝအခြေအနေဟာ ဆိုးဝါးလွန်းလှပါတယ်။ အသက် ၁၆နှစ်အရွယ် Shalini Yadavအမည်ရ အမျိုးသမီးဟာ မွေးကတည်းက ၄၅ရက်ကြာတစ်ခါ အရေခွံလဲရတဲ့ပုံစံနဲ့ အသားပေါ်က အရေပြားတွေ ခြောက်သွေ့ပြီးကွာကျတာမို့ သူမကိုမြွေတွေဆီက ဆင်းသက်လာသူလို့ လူသိများပါတယ်။

သူမရဲ့ မိခင်ဖြစ်သူ Devkunwar ကနေပြီး ဆရာဝန်တွေအမြောက်အများနဲ့ပြသခဲ့ပေမယ့် သူမရဲ့အရေပြားရောဂါကို ကုသပေးနိုင်တဲ့ဆရာဝန်မတွေ့ဘူးလို့ဆိုပါတယ်။ Shalini အပါအဝင် လူရှစ်ယောက်ရှိတဲ့သူမရဲ့မိသားစုဟာ အင်မတန်ဆင်းရဲလွန်းတာကြောင့် Shalini ကို ဘယ်လိုမှ အကူအညီမပေးနိုင်ခဲ့ပါဘူး။

Shalini ဟာ သူမရဲ့အရေပြား ခြောက်သွေ့ပြီးကွာကျနေတဲ့ အနေအထားကနေ ခဏတာသက်သာဖို့အတွက် ရေထဲမှာစိမ်နေရတာ၊ ဒါမှမဟုတ် Lotion လိမ်းရတာမျိုးလုပ်ရပါတယ်။ ဒီရောဂါအခြေအနေကြောင့်ပဲ Shalini ဟာ ကျောင်းလဲမတက်နိုင်တဲ့အတွက် အကူအညီအထူးလိုအပ်နေတယ်လို့ သတင်းရင်းမြစ်ကနေ ရေးသားခဲ့ပါတယ်။ Shalini ရဲ့ရောဂါဟာ Erythroderma လို့ခေါ်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပြီး အရေပြားတွေခြောက်သွေ့မာလာပြီး နောက်ဆုံးအကြေးခွံပုံစံအဖတ်တွေဖြစ်ကာ ကွာကျတတ်တဲ့ ရောဂါပဲဖြစ်ပါတယ်။

source - Stomp

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။