မြန်မာနေရှင်နယ်လိဒ်ပြိုင်ပွဲကြီးရဲ့အကြိတ်အနယ်ရှိပြီး ပရိသတ်စိတ်အဝင်စားဆုံးဖြစ်တဲ့ ဧရာဝတီယူနိုက်တက်အသင်းနဲ့ရန်ကုန်ယူနိုက်တက်အသင်းတို့ကမကြာခင်ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။ဒီနှစ်သင်းလုံးကတော့ချန်ပီယံဆုအတွက်အပြိုင်အဆိုင်ဖြစ်နေတာကြောင့်နှစ်သင်းလုံးအနေနဲ့အရေးပါပြီးအမှားခံလို့မရတော့တာဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံဆုကိုကာကွယ်ဖို့အတွက်နိုင်ပွဲကိုမဖြစ်မနေယူဆောင်ရမှာဖြစ်ပါတယ်။အမှတ်ပေးဇယားကိုထိပ်ဆုံးကဦးဆောင်နေပေမယ့် ရှမ်းယူနိုက်တက်နဲ့ဧရာဝတီအသင်းတို့ကိုတစ်မှတ်သာဖြတ်ထားတာကြောင့်ပိုစိတ်လှုပ်ရှားဖို့ကောင်းနေတာပါ။ပြိုင်ပွဲကြီးပြီးဆုံးဖို့သိပ်မလိုတော့တာကြောင့်ဒီ၃သင်းအားပြိုင်မှုကရင်ခုန်စိတ်လှုပ်ရှားစရာပါ။

ဧရာဝတီအသင်းကလည်းအိမ်ကွင်းမာကျောတဲ့အသင်းဖြစ်သလိုရန်ကုန်အသင်းကလည်းပွဲတော်တော်များများရှုံးပွဲမရှိတာကြောင့်နှစ်သင်းလုံးခက်ခက်ခဲခဲကစားရမှာဖြစ်ပြီးအကောင်းဆုံးနည်းဗျူဟာတွေကိုတွေ့နိုင်မှာပါ။အိမ်ကွင်းပရိသတ်အားနဲ့ချန်ပီဆုအတွက်ရန်ကုန်အသင်းကိုအနိုင်ကစားမလားရန်ကုန်အသင်းကပဲချန်ပီယံဆုကာကွယ်ဖို့အနိုင်ကစားမလားဆိုတာကတော့ဆက်လက်အားပေးကြပါဦးနော်။

Source:Yangon United 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။