ကြက်တောင်အားကစားကနေမြန်မာ့ကြက်တောင်လောကအတွက်အောင်မြင်မှုတွေယူပေးနေတာကတော့သက်ထားသူဇာပဲဖြစ်ပါတယ်။နိုင်ငံတစ်ကာပြိုင်ပွဲတွေမှာအောင်မြင်မှုဆုတံဆိပ်တွေကိုဆွတ်ခူးပေးပြီးကမ္ဘာ့အဆင့်၈၃နေရာမှာရပ်တည်နိုင်အောင်စွမ်းဆောင်ပေးထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူကတော့ခုမှာလည်းဂရိနိုင်ငံမှာကျင်းပနေတဲ့ Hellas Open 2019 ကြက်တောင်ရိုက်ပြိုင်ပွဲမှာလည်းနောက်တစ်ဆင့်တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။သူကတော့လက်ရည်စစ်ပြိုင်ပွဲကနေဝင်ရောက်ယှဉ်ပြိုင်ရတာဖြစ်ပြီး ခုမှာလည်း၃၂ယောက်နဲ့၁၆ယောက်အဆင့်ရှုံးထွက်တွေကိုဖြတ်ကျော်အနိုင်ယူခဲ့တာဖြစ်ပါတယ်။

သူကတော့ဟန်ဂေရီနဲ့ပိုလန်ကစားသမားတွေကိုပြတ်ပြတ်သားသားအနိုင်ယူခဲ့တာဖြစ်ပါတယ်။နောက်နေ့ကွာတားဖိုင်နယ်မှာလည်း ယူကရိန်းနိုင်ငံသူနဲ့တွေ့ဆုံရမှာဖြစ်ပါတယ်။ပရိသတ်တွေလည်းနိုင်ငံတစ်ကာမှာအောင်မြင်မှုတွေဆွတ်ခူးပြီးမြန်မာဂုဏ်ဆောင်နေတဲ့သက်ထားသူဇာကိုလည်းအားပေးကြပါဦးနော်။

Source:မြန်မာ့ကြက်တောင်အားကစားသမားများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။