ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ AFF U15 championship ပြိုင်ပွဲကြီးကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။နောက်ဆုံးဗိုလ်လုပွဲမှာတော့ မလေးရှားအသင်းကအိမ်ရှင်ထိုင်းအသင်းကို(၁-၂)ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီးဆုဖလားကြီးကိုသိမ်းပိုက်သွားခဲ့တာဖြစ်ပါတယ်။

မလေးရှားအသင်းကတော့ခုနောက်ပိုင်းမှာခြေစွမ်းအကောင်းဆုံးအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။တရုတ်ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာတော့အင်အားကြီးအသင်းတွေကိုအနိုင်ယူပြီးဗိုလ်စွဲထားတာကြောင့်ဒီပြိုင်ပွဲမှာလည်းခြေစွမ်းပြပြီးဗိုလ်စွဲခဲ့တာပါ။ဒီနောက်ဆုံးဗိုလ်လုပွဲမှလည်းအာစီယံအင်အားကြီးထိုင်းအသင်းကိုအကောင်းဆုံးကစားခဲ့ပြီးပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ရပါတယ်။

ပွဲကစားချိန်ပြီးခါနီးအထိမလေးရှားအသင်းကအနိုင်ရထားတာဖြစ်ပြီး ပွဲပြီးခါနီးမှာပရိသတ်တွေရင်ခုန်စရာအခိုက်အတန့်ဖြစ်ခဲ့ရပါတယ်။ထိုင်းအသင်းကလည်းခြေပဂိုးရဖို့တွန်းတွန်းတိုက်တိုက်ကစားရင်းမလေးရှားအသင်းကလည်းဘောလုံးကိုင်အချိန်ဆွဲတာကြောင့်နှစ်ဖက်ကစားသမားတွေပြဿနာဖြစ်ခဲ့ကြတာဖြစ်ပြီး လက်သီးတွေနဲ့တောင်ထိုးခဲ့ကြတာဖြစ်ပါတယ်။ပရိသတ်တွေလည်းဘယ်လောက်ထိကြမ်းလဲဆိုတာကတော့အောက်ကvideoလေးကိုကြည့်ပြီးအားပေးကြပါဦးနော်။

Source:ASEAN Football News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။