မြန်မာယူ၁၈အသင်းဟာ AFF u18 တတိယပွဲစဉ်အဖြစ်တီမောအသင်းနဲ့ကစားခဲ့ပြီး (၁-ဝ)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။မြန်မာအသင်းဟာဒီပွဲအနိုင်ကြောင့်၃ပွဲကစားပြီးချိန်မှာရမှတ်၉မှတ်နဲ့အုပ်စုအဆင့်ကိုကျော်ဖြတ်ဖို့အကောင်းဆုံးရလဒ်တွေပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။ဒီပွဲနိုင်တာနဲ့အုပ်စုတက်ဖို့သေချာသလောက်ရှိမှာဖြစ်တာကြောင့်အကောင်းဆုံးကစားပြီးနိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာဒီနေ့ပွဲစဉ်မှာလည်းအကောင်းဆုံးလူစာရင်းနဲ့ပွဲထွက်ခဲ့ပြီးတိုက်စစ်ဆင်ခဲ့တာပါ။တောက်လျောက်တိုက်စစ်ဆင်ခဲ့ပေမယ့်တီမောနောက်တန်းကအကောင်းဆုံးဟန့်တားနိုင်တာကြောင့်မြန်မာအသင်းဂိုးရဖို့ကြာနေခဲ့တာဖြစ်ပါတယ်။ပထမပိုင်းမှာတော့နှစ်သင်းလုံးတိုက်စစ်ဆင်ရင်းနဲ့ပဲဂိုးမရှိသရေကျခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့မြန်မာအသင်းဟာဂိုးရရှိဖို့အတွက်အကောင်းဆုံးပြင်ဆင်မှုတွေလုပ်ပြီးလူစားလဲကစားခဲ့ပါတယ်။မိနစ်၇၀မှာတော့ လူစားဝင်ကစားသမားမိုးဆွေကဖရီးကစ်ကပြန်ကျတဲ့ဘောလုံးကိုဘယ်ခြေနဲ့ပိတ်သွင်းယူပြီးဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ဒီပွဲအနိုင်ကြောင့်မြန်မာအသင်းဟာအုပ်စုတက်ဖို့ကျိန်းသေသလောက်ရှိသွားပြီးနောက်ပွဲစဉ်မှာတော့ဘရူနိုင်းအသင်းနဲ့ကစားရတော့မှာဖြစ်ပါတယ်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။